■ မြိတ်မြို့နယ်၌အကျဉ်းသား/အကျဥ်းသူ(၂၈)ဦးလွတ်ငြိမ်းခွင့်ပြု

■ မြိတ်မြို့နယ်၌အကျဉ်းသား/အကျဥ်းသူ(၂၈)ဦးလွတ်ငြိမ်းခွင့်ပြု
Published 30 April 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၅၁/၂၀၂၆)အရ ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန် လပြည့်ဗုဒ္ဓနေ့အထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသောအကျဉ်းသား/အကျဥ်းသူ(၁၅၀၈)ဦးတို့အားရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန်ကျန်ရှိသော ပြစ် ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှလျော့ပေါ့ ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့်မြိတ်အကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက်အကျဉ်းသား(၁၃)ဦး၊မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာ အုပ်စု၊ကျောက်ဖြူတောင်ကျေးရွာရှိအကျဉ်းဦးစီးဌာန၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်း၌ ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား(၁၂)ဦး၊ နတ်စင်ကုန်းကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၃)ဦးတို့အား အခမ်းအနားဖြင့်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။ 

အကျဉ်းသားများအားဝန်ခံချက်လက်မှတ်များရေးထိုးစေခြင်းနှင့်ခရီး စရိတ်/စားစရိတ်/လုပ်အားခပေးအပ်ခဲ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။

Most Read

Most Recent