■ မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာလျက် လူသားချင်းစာနာစိတ်တို့ နိုးကြားကာ ပိုမိုငြိမ်းချမ်းသည့် ကမ္ဘာကြီး တည်ဆောက်နိုင်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

■ မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာလျက် လူသားချင်းစာနာစိတ်တို့ နိုးကြားကာ ပိုမိုငြိမ်းချမ်းသည့် ကမ္ဘာကြီး တည်ဆောက်နိုင်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား
Published 30 April 2026

မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာလျက် လူသားချင်းစာနာစိတ်တို့ နိုးကြားကာ ပိုမိုငြိမ်းချမ်းသည့် ကမ္ဘာကြီး တည်ဆောက်နိုင်ရန် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။

ဧပြီ ၃၀ ရက်တွင် ကျရောက်သည့် ဗုဒ္ဓဖွားမြင်တော်မူသည့်နေ့အထိမ်းအမှတ်တွင် ကုလသမဂ`၈ အတွင်းရေးမှူးချုပ်က ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

" မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို လိုက်နာလျက် ကျွနု်ပ်တို့ရဲ့တူညီသောလူသားချင်းစာနာစိတ်တို့ နိုးကြားစေလျက် လူသားအားလုံးအတွက် လိုအပ်ပြီး ရသင့်တဲ့ ပိုမိုငြိမ်းချမ်းပြီး အေးချမ်းတည်တံ့သောကမ္ဘာကြီးကို တည်ဆောက်ကြရအောင်ပါ။ မင်္ဂလာရှိသော မြတ်ဗုဒ္ဓနေ့ ဖြစ်ပါစေ" ဟု ကုလအတွင်းရေးမှူးချုပ်က ပြောကြားသည်။

ယခုနှစ် မြတ်ဗုဒ္ဓ၏ ဖွားမြင်တော်မူသည့်နေ့တွင် ပထဝီနိုင်ငံရေးတင်းမာမှုများဖြင့် ပြည့်နှက်နေသည်ဟု အတွင်းရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။

" ယခုနှစ် မြတ်ဗုဒ္ဓနေ့ဟာ လူသားမျိုးနွယ်တစ်ခုလုံး ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့ ပဋိပက္ခတွေကြား ရောက်ရှိနေတဲ့ အခိုက်အတန့်မှာ ကျရောက်နေပါတယ်" ဟု အတွင်းရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာပြည်သာမက၊ ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များမှာ ဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ နေ့ထူးနေ့မြတ်ကို အလေးအမြတ်ပြု ကုသိုလ်ကောင်းမှုပြုကြကြောင်း၊

ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများနှင့် မရေရာမှုများ ကြုံနေရသည့် လက်ရှိအချိန်တွင် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမများဖြစ်သည့် အကြမ်းမဖက်ခြင်း၊ ကရုဏာတရားထားခြင်းနှင့်

အများကောင်းကျိုးဆောင်ရွက်ပေးခြင်း အစရှိသည်တို့မှာ ထာဝရ လမ်းညွှန်ချက်ကောင်းများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာနှင့် အားလုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးမည့်ကတိကဝတ်သစ်များ ခိုင်မြဲနိုင်ကြရန် UN ကလည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent