■တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးမည်

■တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးမည်
Published 20 April 2026

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါ ကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ဆောင်ရွက်မည်ဟု ဆို

တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးမည် ဖြစ်​​ကြောင်း နိုင်ငံ​တော်သမ္မတက ​ဦးမင်း​အောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့(ဧပြီ ၂၀ ရက်)မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင်တက်ရောက်အမှာ စကားပြောကြားရာ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့နှင့်ပတ်သက်၍ သုံးသိန်းအထိလည်း ကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို နှစ်သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့နှင့်ပတ်သက် ၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့်ချေးပေးမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံးစက်ကိရိယာ ချေးငွေနှင့်ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိတစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း ​ပြောကြားသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အနီးစခန်း လေဆိပ်အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများအားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့် တင်ပေးမည်ဖြစ်ကြောင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရထားလမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ထို့အတူ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်းစခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ မိုဘိုင်းစခန်း ၉ ခု၌ 4 G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာ ရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသန စွမ်းရည်မြှင့်တင် သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်း ပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးမည် ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကိုလည်း အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များ အကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်ဝသည့် ကျောင်းများဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့်မြှင့် တင်ပေးသွားမည်ဖြစ်ကြောင်း  နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများ ခန့်အပ်၍ ကျန်းမာရေးမြှင့်တင်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါ ကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုကျောင်းများကိုလည်း သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံတိုးတက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက ဆိုသည်။

နိုင်ငံ​တော်သမ္မတက မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက်ကောင်းအောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်း၏ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့်ပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင် ရန်လိုကြောင်း၊ တိုင်းပြည်အတွက် ကောင်းအောင် ဆောင်ရွက်သွားကြမည်ဟူသည့်စိတ်ဖြင့် ကြံစည်လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အထွေထွေဆွေးနွေးတင်ပြကြရာတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသည့် အမှာစာများ၊ MoU ၊ MoA စာချုပ်များ၊ တင်ဒါခေါ်ယူခြင်းများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အသက် ၁၀ နှစ်ပြည့် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင် ရွက်ပေးမည့် အခြေအနေ၊ eID စာရင်း အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဧရာဝတီမြစ်ဆုံ အသိပညာပေးရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြခဲ့ပြီး တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ အမှာစာများတင်ပြရာတွင် အချက်အလက်များ ခိုင်ခိုင်မာမာ တင်ပြကြရန်လိုကြောင်း၊ တင်ဒါများခေါ်ယူရာတွင်လည်း သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ဦးစားပေးပြီး ထူထောင်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအပြင် သဘာဝဘေး အန္တရာယ်နှင့် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အစိုးရအဆောက်အအုံ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများကို ပြန်လည်ထူထောင်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ကြောင့် ပျက်စီးသွားသည့် နိုင်ငံ့ဝန်ထမ်း အိမ်ရာအဆောက်အဦများ အမြန်ဆုံးပြီးစီးအောင် ဆောင်ပေးကြရန်လိုကြောင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျ သုံးစွဲသွားကြရန်လိုကြောင်း ​ပြောကြားသည်။

အဆိုပါအစည်းအ​​ဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent