စပါးအသင်းနဲ့ ယူရိုသန်း(၆၀)ဝန်းကျင် တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း ရိုမဲရိုးရဲ့ဖခင် အတည်ပြု

စပါးအသင်းနဲ့ ယူရိုသန်း(၆၀)ဝန်းကျင် တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း ရိုမဲရိုးရဲ့ဖခင် အတည်ပြု
Photo: X
Photo: X
Published 6 April 2026

စပါးအသင်းနောက်ခံလူ အာဂျင်တီးနားလက်ရွေးစင်ကစားသမား ရိုမဲရိုးရဲ့ ဖခင်ဖြစ်သူက ရိုမဲရိုးအနေနဲ့ စပါးအသင်းနဲ့ ယူရိုသန်း(၆၀)ဝန်းကျင် တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ရိုမဲရိုး(၂၇ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ အတ္တလန်တာအသင်းကနေ စပါးအသင်းကို အပြီးသတ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

ရိုမဲရိုးဟာ စပါးအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရပေမဲ့ အသင်းက ရုန်းကန်နေရတာကြောင့် ရာသီကုန်မှာ လမ်းခွဲဖွယ်ရှိိကြောင်း သတင်းထွက်နေပါတယ်။

ရိုမဲရိုးကို ခေါ်ယူဖို့ လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတွေက စိတ်ဝင်စားနေကြောင်း သတင်းထွက်နေချိန်မှာ ဖခင်ဖြစ်သူက လျော်ကြေးစာချုပ်ရှိနေကြောင်း ဖွင့်ဟခဲ့တာပါ။

''သူက စပါးအသင်းနဲ့ နောက်ထပ်(၂)နှစ် စာချုပ်ရှိနေပြီး အလွန်မြင့်မားတဲ့ လျော်ကြေးစာချုပ်လည်း ရှိနေပါတယ်။ အင်္ဂလိပ်အသင်းက သူ့ကို အလွတ်ထွက်ခွာခွင့်ပြုမှာမဟုတ်ပါဘူး။ လျော်ကြေးက ဒေါ်လာသန်း(၅၀)နဲ့ (၇၀)ကြား ရှိပါတယ်'' လို့ ရိုမဲရိုးရဲ့ဖခင်က ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent