မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလားပွဲကို လီဗာပူးလ်ကစားသမား (၆)ဦးခန့် လွဲချော်ဖွယ်ရှိ

မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလားပွဲကို လီဗာပူးလ်ကစားသမား (၆)ဦးခန့် လွဲချော်ဖွယ်ရှိ
Photo: X
Photo: X
Published 3 April 2026

တိုက်စစ်မှူး အီဆက်ခ်အပါအဝင် လီဗာပူးလ်ကစားသမား (၆)ဦးခန့်ဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလားပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရပါတယ်။

FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို အခုတစ်ပတ် စနေ၊ တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်စီးတီး - လီဗာပူးလ်ပွဲကို စနေနေ့ မြန်မာစံတော်ချိန် ည(၆း၁၅)နာရီမှာ ယှဉ်ပြိုင်ရမှာပါ။

ဒီပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ လီဗာပူးလ်ကစားသမားတွေက အီဆက်ခ်၊ အယ်လစ်ဆန်၊ ဘရက်ဒလေ၊ လီယွန်နီ၊ ဖရင်ပေါင်နဲ့ အန်ဒိုတို့ဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ဟာ အခုတစ်ပတ်အတွင်း လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပေမဲ့ မန်စီးတီးနဲ့ပွဲမှာတော့ ကစားနိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။

ဒီပွဲအတွက် ကစားသမားဟောင်းတွေက ကြိုတင်ခန့်မှန်းမှု ပြုလုပ်ခဲ့ရာမှာ ရွိုင်ကင်းက မန်စီးတီးအသင်း (၂-၁)ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပြီး ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ကတော့ မန်စီးတီးအသင်း (၃-၁)ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။

Most Read

Most Recent