အီဆက်ခ်က ယူရိုသန်း(၁၅၀)တန်ရင် ဟာရီကိန်းရဲ့တန်ဖိုးက ယူရိုသန်း(၂၅၀)ဖြစ်မယ်လို့ အူလီဟိုးနက်စ် ပြောကြား

အီဆက်ခ်က ယူရိုသန်း(၁၅၀)တန်ရင် ဟာရီကိန်းရဲ့တန်ဖိုးက ယူရိုသန်း(၂၅၀)ဖြစ်မယ်လို့ အူလီဟိုးနက်စ် ပြောကြား
Photo: X
Photo: X
Published 30 March 2026

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်တဲ့ အူလီဟိုးနက်စ်က ဆွီဒင်တိုုက်စစ်မှူး အီဆက်ခ်က ယူရိုသန်း(၁၅၀) တန်ရင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ယူရိုသန်း(၂၅၀)ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ အီဆက်ခ်ကို နယူးကာဆယ်ကနေ ယူရို(၁၄၄.၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအများဆုံးကစားသမားစာရင်းမှာ တတိယနေရာ ရပ်တည်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းကို ၂၀၂၃ နွေရာသီမှာ ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဆော်ဒီကလပ်အသင်းတချို့က တန်ဖိုးကြီးတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာတာကြောင့် အူလီဟိုးနက်စ်က အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

''သူနဲ့ သူ့မိသားစုနဲ့ ဒီမှာ သက်သောင့်သက်သာရှိနေတယ်လို့ ကြားရပါတယ်။ ဆော်ဒီက ငွေကြေးများစွာနဲ့ ကမ်းလှမ်းမှု စားပွဲပေါ်ရောက်လာရင်တော့ ဘာဖြစ်လာမလဲ မသိနိုင်ပါဘူး။ ကျွန်တော်က ဟာရီကိန်းကို ယူရိုသန်း(၁၅၀)တန်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အီဆက်ခ် လီဗာပူးလ်ကို ယူရိုသန်း(၁၅၀)နဲ့ ပြောင်းရွှေ့သွားတာ မြင်တွေ့ခဲ့မှာပါ။ အီဆက်ခ်က ယူရိုသန်း(၁၅၀)တန်တယ်ဆိုရင် ဟာရီကိန်းက ယူရိုသန်း(၂၅၀)တန်မှာပါ'' လို့ အူလီဟိုးနက်စ်က ပြောကြားခဲ့ပါတယ်။

အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အူလီဟိုးနက်စ်က ဟာရီကိန်းအနေနဲ့ စာချုပ်ကာလအတိုင်း အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent