အင်္ဂလန်ပဥ္စမတန်းကလပ် Woking အသင်းရဲ့ နည်းပြအဖြစ် ဒီဖိုး ခန့်အပ်ခံရ

အင်္ဂလန်ပဥ္စမတန်းကလပ် Woking အသင်းရဲ့ နည်းပြအဖြစ် ဒီဖိုး ခန့်အပ်ခံရ
Photo: X
Photo: X
Published 30 March 2026

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးဟာ အင်္ဂလန်ပဥ္စမတန်းကလပ် Woking အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံရကြောင်း သိရပါတယ်။

ဒီဖိုး(၄၃ နှစ်)ဟာ ရိန်းဂျားစ်အသင်းကို ယာယီနည်းပြအဖြစ် ပူးတွဲတာဝန်ယူဖူးတာနဲ့ စပါးယူ-၁၈ အသင်းကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံသာရှိထားသူဖြစ်ပါတယ်။

ဒီဖိုးက စပါးအသင်းမှာ ယာယီနည်းပြ တူဒေါ ရုန်းကန်နေရချိန်မှာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့သေးပေမဲ့ မဖြစ်မြောက်ခဲ့ဘဲ Woking အသင်းကို ကိုင်တွယ်ဖြစ်ခဲ့တာပါ။

Woking အသင်းက ၁၈၈၇ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့အသင်းဖြစ်ပြီး National League မှာ ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်တာကြောင့် အင်္ဂလန်ဘောလုံးလောကမှာ ပဥ္စမတန်းအဆင့်ဖြစ်ပါတယ်။

''Woking က သမိုင်းဝင်အသင်းတစ်သင်းဖြစ်ပြီး အလားအလာကောင်းတွေလည်း ကြီးကြီးမားမားရှိနေပါတယ်။ ဒီအသင်းရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စီမံကိန်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်ရတာ ရင်ဖိုစရာပါပဲ။ ကျွန်တော် အစပြုဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ'' လို့ ဒီဖိုးက ပြောကြားခဲ့ပါတယ်။

ဒီဖိုးဟာ ကစားသမားဘဝက ကလပ်အသင်းများစွာမှာ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး စပါးအသင်းမှာ အများဆုံးကစားခဲ့ဖူးသူပါ။

Most Read

Most Recent