၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Inter-confederation play-offs ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းက မက္ကဆီကိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျမေကာက နယူးကယ်လီဒိုးနီးယားကို (၁-၀)ဂိုးနဲ့ အနိုင်ရပြီး ဘိုလစ်ဗီးယားက ဆူရီနမ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါကြောင့် ဂျမေကာနဲ့ ဘိုလစ်ဗီးယားတို Inter-confederation play-offs ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ DR ကွန်ဂိုနဲ့ ဂျမေကာ၊ အီရတ်နဲ့ ဘိုလစ်ဗီးယားတို ယှဉ်ပြိုင်ကစားရမှာပါ။
Inter-confederation play-offs မှာက အာရှ၊ အာဖရိက၊ ကွန်ကာကပ်ဖ်၊ တောင်အမေရိကနဲ့ သမုဒ္ဒရာပိုင်းက အသင်းတွေ နောက်ဆုံးအခွင့်အရေးအတွက် ယှဉ်ပြိုင်ရတာဖြစ်ပြီး ကြိုတင်သတ်မှတ်ထားချက်အရ DR ကွန်ဂိုနဲ့ အီရတ်တိုက ဗိုလ်လုပွဲရောက်မှ ကစားရတာပါ။
Inter-confederation play-offs ဗိုလ်လုပွဲကို ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ခဲ့တဲ့ကွင်းတွေမှာပဲ မတ်(၃၁)ရက်မှာ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရတဲ့နှစ်သင်း ၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
DR ကွန်ဂို - ဂျမေကာပွဲမှာ အနိုင်ရတဲ့အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ၊ ဥဇက်ကစ္စတန်၊ ကိုလံဘီယာတိုရဲ့အုပ်စုထဲ ကျရောက်မှာဖြစ်ပြီး အီရတ် - ဘိုလစ်ဗီးယားပွဲမှာ အနိုင်ရတဲ့အသင်းက ပြင်သစ်၊ ဆီနီဂေါ၊ နော်ဝေတိုရဲ့ အုပ်စုထဲ ကျရောက်မှာဖြစ်ကြောင်း သိရပါတယ်။















