■ ၂၀၀၀ စီစီအထိ အိမ်စီးယာဉ်များကို တစ်ပတ်လျှင် ၃၅ လီတာ၊ အဌားယာဉ်များကို လီတာ ၉၀ ဝယ်ယူခွင့်အပါအဝင် ယာဉ်စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏများကို ထုတ်ပြန်

■ ၂၀၀၀ စီစီအထိ အိမ်စီးယာဉ်များကို တစ်ပတ်လျှင် ၃၅ လီတာ၊ အဌားယာဉ်များကို လီတာ ၉၀ ဝယ်ယူခွင့်အပါအဝင် ယာဉ်စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏများကို ထုတ်ပြန်
Published 26 March 2026

ဟိုင်းဝေး ခရီးသည်တင်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ် အစရှိသည့်ယာဉ်များအတွက် ဝယ်ယူခွင့်ပမာဏ သတ်မှတ်ထားခြင်းမရှိ လိုအပ်သည့်ပမာဏအတိုင်း စိစစ်ရောင်းချမည်

    ၂၀၀၀ စီစီအထိ အိမ်စီးယာဉ်များကို တစ်ပတ်လျှင် ၃၅ လီတာ၊ အငှား ယာဉ်များကို လီတာ ၉၀ ဝယ်ယူခွင့်အပါအဝင် ယာဉ်စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏများကို စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

    စက်သုံးဆီဝယ်ယူရာတွင် ယာဉ်စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ပြီး မိုမိုပြည့်စုံသည့် စနစ်ဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မတ်လ၂၇ ရက်မှ စတင်ပြီး ရောင်းချမည်ဖြစ်ကြောင်း ကျန်မြို့များတွင်လည်း ယင်းစနစ်ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

    စနစ်အား အသုံးပြုရာတွင် မော်တော်ယာဉ် Wheel Tax တွင် အာမခံမှုအမှတ်အသား ဟိုုလိုဂရမ်ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက စကင်ဖတ်မည်ဖြစ်ကြောင်း၊ ယင်းအချိန်တွင် Gas ကားဖြစ်ပါက Gas ဆိုင်တွင်သာဝယ်ယူရန် စာသားပေါ်လာမည်ဖြစ်ကြောင်း၊ စက်သုံးဆီကားဖြစ်ပါက မော်တော်ယာဉ်နံပါတ်၊ တပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီးသည့်ပမာဏ၊ ဝယ်ရန်ကျန်သည့် ပမာဏပေါ်လာမည်ဖြစ်ကြောင်း၊ ဝယ်ယူမည့်ဆီအမျိုးအစားနှင့် ပမာဏကို ဖြည့်သွင်းပြီး ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချသည့်ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏများ အလိုအလျောက် ဆာဗာသို့ ဝင်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

    သတ်မှတ်ထားသည့် ဝယ်ယူခွင့်ကို တပတ်အတွင်းအပြီးအပြတ်ဝယ်ယူရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံဝယ်ယူသည့်အချိန်တွင် သတ်မှတ်ပမာဏကုန်နေပါက ဝယ်ယူခွင့်မပြုကြောင်း၊ ခရီးဝေးသွားမည့်ယာဉ်များမှာ မူလဝယ်ယူထားသည့် ငွေရှင်းပြေစာကို ပြသပြီး ရောက်ရှိရာ ဒေသရှိ ဆိုင်များတွင် စကင်ဖတ် ဝယ်ယူနိုင်ကြောင်း သိရသည်။

    ခရီးဝေးပြေးနေသည့် ဘတ်စ်ကားများ၊ လူမှုကူညီရေးယာဉ်များ၊ လူနာတင်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုတ်စုပ်ယာဉ် အစရှိသည့်ယာဉ်များကို ဝယ်ယူခွင့်ပမာဏသတ်မှတ်ထားခြင်းမရှိဘဲ 

လိုအပ်သည့်ပမာဏအတိုင်း အရောင်းဆိုင်များက စိစစ်ရောင်းချပေးမည်ဖြစ်ကြောင်း၊ ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြို့ပြင်ရှိ စက်သုံးဆီဆိုင်များတွင် QR Code စနစ်ဖြင့် ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

    စက်မှုလယ်ယာတွင် အသုံးပြုသည့် စက်များ၊ အိမ်တွင်းစက်မှုလုပ်ငန်းများ၊ မီးစက်များအတွက် ဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် ပုံစံတွင် ဖြည့်စွက်ပြီး နီးစပ်ရာ အရောင်းဆိုင်များတွင် မှတ်တမ်းထား ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

    စက်သုံးဆီဆိုင်များအနေဖြင့်လည်း Bar Code သို့မဟုတ် QR Code ဖတ်၍ ရောင်းချပေးထားမှုနှင့် ပုံစံတွင်ဖြည့်စွက်ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာ ပြန်လည်ဖြည့်တင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

    ယာဉ်တစ်စီးချင်းအနေဖြင့် တစ်ပတ်စာဝယ်ယူခွင့်အကြိမ်ရေနှင့် ပမာဏကို ထုတ်ပြန်ပေးမည်ဖြစ်ပြီး သတ်မှတ်ချက်အတိုင်း ရောင်းချပေးမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

    တပတ်အတွင်း ဝယ်ယူခွင့်ရရှိသည့် စက်သုံးဆီပမာဏမှာ ဆိုင်ကယ် ရှစ်လီတာ၊ သုံးဘီယာဉ် ၂၅ လီတာ၊ ထရော်လာဂျီ ၃၀ လီတာဖြစ်ပြီး တပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဝယ်ယူနိုင်သည်။

    ၂၀၀၀ စီစီအထိ အိမ်စီးယာဉ်များမှာ ၃၅ လီတာ၊ ၂၀၀၁ စီစီမှ ၃၀၀၀ စီစီအထိ ၄၀ လီတာ၊ ၃၀၀၀ စီစီအထက် ၄၅ လီတာ တပတ်နှစ်ကြိမ် ဝယ်ယူနိုင်သည်။

    အဌားယာဉ်များမှာ ၂၀၀၀ စီစီအထိ ယာဉ်များမှာ ၉၀ လီတာ၊ ၂၀၀၁ စီစီမှ ၃၀၀၀ စီစီအထိ ၁၀၀ လီတာ၊ ၃၀၀၀ စီစီအထက် ၁၁၀ လီတာ တပတ်သုံးကြိမ် ဝယ်ယူနိုင်သည်။

    လိုက်ထရပ်၊ ထရပ်၊ ပစ်ကပ်ယာဉ်များမှာ ၂၀၀၀ စီစီအထိ လီတာ ၉၀၊ ၂၀၀၀ စီစီအထက်ယာဉ်များမှာ ၁၁၀ လီတာ တပတ်နှစ်ကြိမ် ဝယ်ယူနိုင်ကြောင်း သိရသည်။

Most Read

Most Recent