■ တောင်ကြီးတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန်အတွက် ဗဟို မဏ္ဍပ် ဆောက်လုပ်နေ

■ တောင်ကြီးတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန်အတွက် ဗဟို မဏ္ဍပ် ဆောက်လုပ်နေ
Published 26 March 2026

တောင်ကြီးတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန်အတွက် ဗဟိုမဏ္ဍပ် ဆောက်လုပ်နေကြောင်း သိရသည်။

တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ကျင်းပနိုင်ရန် အတွက် ကျားခေါင်းရုံး မီးပွိုင့် တွင် ဗဟို မဏ္ဍပ် ကို စတင် တည်ဆောက်နေကြောင်း သိရသည်။ ထို့ပြင် ဌာန ဆိုင်ရာ မဏ္ဍပ် များကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကာ စတုဒီသာ မဏ္ဍပ်များ ၊ နှင့် လမ်းလျှောက် သင်္ကြန် တို့ကိုလည်း ထည့်သွင်း ကျင်းပသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် ညောင်ရွှေမြို့နယ် ၊ အင်းလေးကန်တွင် ရေပေါ် သင်္ကြန်ကိုလည်း ယခုနှစ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ ကြား သိရသည်။

Most Read

Most Recent