အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲစည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦး Jeng Phang နော်တောင်နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်တင်မြင့် တို့ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
ယနေ့(မတ် ၂၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အဖွဲဝင် ၁၅ ဦး ပါဝင်သော အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ကချင်ပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦး Jeng Phang နော်တောင်၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်တင်မြင့်၊ အဖွဲဝင်များအဖြစ် ရှမ်းပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာကျော်ထွန်း၊ ပဲခူးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးတင့်ဇော်၊ ကရင်ပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်ဇော်ထွန်း၊ ပဲခူးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နီနီမာ၊ မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်တင်၊ ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသိန်းဇော်၊ ချင်းပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်မင်းနိုင်၊ မကွေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးခင်မောင်ဌေး၊ ရခိုင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်မြမြသက်၊ ရှမ်းပြည်နယ် အချိုးကျ ကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းဝင်းခိုင်၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကျော်သူရအေးနှင့် ဗိုလ်မှူးကြီး စိုးရွှေ တိုအား တာဝန်ပေးဖွဲစည်းရန်နှင့် လွှတ်တော်အခွင့်အရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လွှတ်တော်သို အသိပေးတင်ပြခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။
“ဒီတင်ပြချက်ကို သဘော တူ၊ မတူ လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ်”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဦးအောင်လင်းဒွေးက ပြောကြားသည်။
ထိ့ုနောက် လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲစည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတိုနှင့်စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။
လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်များတွင် လွှတ်တော်အခွင့်အရေးကော်မတီထံ လွှအပ်လာသော ကိစ္စအသီးသီးကို ကော်မတီသို လွှအပ်သောကိစ္စများနှင့်စပ်လျဉ်းသောအချက်များကို အခြေပြု၍ လွှတ်တော်၏ အခွင့်အရေးကို ဖောက်ဖျက်ရာ ရောက်၊ မရောက် စဉ်းစားဆုံးဖြတ်ခြင်း၊ မည်သိုသောကိစ္စ၊ မည်သိုသောအချက်များမှ စတင်၍ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပေါ်လာရကြောင်းနှင့် မည်သိုမည်ပုံ ဖောက်ဖျက်ကြောင်းကို ဆုံးဖြတ်ခြင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်က မည်ကဲ့သို အရေးယူသင့်ကြောင်းကို လွှတ်တော်သို အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အစီရင်ခံစာတွင် ဖော်ပြပါရှိသော အကြံပေးချက်များကို ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်ရန် လွှတ်တော်က မည်သည့်နည်းလမ်းများကို ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုဖော်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကော်မတီသည် လွှတ်တော်အစည်းအဝေးသိ့ု တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအား စိစစ်အတည်ပြုရမည်လည်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ခွင့် တောင်းခံလျှင် ယင်းနှုတ်ထွက်ခွင့်တောင်းခံလွှာကို စိစစ်၍ မှတ်ချက်နှင့်တကွ ဥက္ကဋ္ဌထံ တင်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။















