လှိုင်သာယာမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်ဖြင့် ဖုန်းလုယူထွက်ပြေးသူ အမျိုးသားတစ်ဦး အခြားဘေးတွဲဆိုင်ကယ်တစ်စီးနှင့် တိုက်မိပြီး သေဆုံးခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီီရေးအသင်းမှ သိရသည်။
လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖုန်းလုယူသူမှာ ဘေးတွဲဆိုင်ကယ်ဖြင့် ထွက်ပြေးရာမှ အခြားဘေးတွဲဆိုင်ကယ်နှင့်တိုက်မိခဲ့ပြီးနောက် ဓာတ်တိုင်ကို တိုက်မိပြီး ဦးခေါင်းထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဘေးတွဲဆိုင်ကယ်နှင့် ဖုန်းများ လုယူထွက်ပြေးလာသူသည် အခြားဘေးတွဲဆိုင်ကယ်အား တိုက်ပြီး ဓာတ်တိုင်အား ထက်၍တိုက်ပြီး ဦးခေါင်းထိခိုက်သေဆုံးသွားပါတယ်" ဟု ဒါနမျိုးဆက်လူမှုကူညီီရေးအသင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ယင်းနောက် တိုက်မိသည့် အခြားဘေးတွဲမောင်းသူသည် ညာခြေသလုံးအပွင့်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- သွေးဒါနမျိုးဆက်လူမှုကူညီီရေးအသင်း















