မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်မြောက်ရရှိခဲ့ကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာကြောင့် (၅)ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး တခြားကစားသမားတွေအနေနဲ့ အများဆုံး(၂)ကြိမ်သာ ရရှိဖူးကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲစဉ်(၃၀)ရဲ့ အကောင်းဆုံးကစားသမားဆုကို ဆန္ဒမဲ(၅၃%)နဲ့ ရရှိခဲ့တာဖြစ်ပြီး ရွေးချယ်ခဲ့ပြီးသမျှ အကောင်းဆုံးကစားသမားဆုတွေထဲမှာ ဆန္ဒမဲအများဆုံးရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲစဉ်(၁၃)၊ ပွဲစဉ်(၁၅)၊ ပွဲစဉ်(၂၂)၊ ပွဲစဉ်(၂၈)နဲ့ ပွဲစဉ်(၃၀)တွေမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။
မန်ယူကစားသမားတွေက ဒီရာသီမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို အများဆုံးအဖြစ် (၁၁)ကြိမ်ရရှိထားပြီး ဒေါ်ဂူ(၂ ကြိမ်)၊ မက်ဂွိုင်းရား၊ အမ်ဘူမို၊ ရှက်ရှကို၊ ကက်စီမီရိုတို့က တစ်ကြိမ်စီ ရရှိထားတာဖြစ်ပါတယ်။















