ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ် လိုက်ကြောင်း ရွှေ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
မတ် ၁၉ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ငွေဒဏ် ကျပ်ငါးသိန်းလည်း ချမှတ်ခံရကြောင်း သိရသည်။
“ဒီနေ့မနက်က ထောင်ဒဏ်ချမှတ်လိုက် ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်၊ ငွေဒဏ် ငါးသိန်းလည်း ပါတယ်” ဟု ရွှေလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။
ပြည်တွင်းရွှေစျေးကွက် မတည်မငြိမ်ဖြစ် စေရန် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ် မှုဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အ သင်း ဥက္ကဌ၊ ဒုဥက္ကဌ(၁)နှင့် အတွင်းရေးမှူး တို့ကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်း ဆီးလိုက်ကြောင်း သိရသည်။
၎င်းတို့ သုံးဦးသည် ရွှေစျေးနှုန်း တည်ငြိမ် စေရေးအတွက် ကြပ်မတ်ထိန်းသိမ်း ဆောင် ရွက်သွားရန် တာဝန်ရှိသူများ ဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေစျေးကွက် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပ ရွှေပေါက်စျေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူသိုလှောင်ခြင်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိရသည်ဟု သိရသည်။
ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်န ၀ါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ် သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက် စျေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည် ရောင်းချရန် သိုလှောင်ထားရှိခဲ့ကြောင်း၊ ထို့ အတူ ရွှေအသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်းမှာ ၎င်းင်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက် ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်စျေးဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ယူ ကာ စျေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ ကြောင်း၊ အလားတူ အတွင်းရေးမှူး ဦးနေမျိုး ထက်သည် ၎င်းင်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သား အား ပြင်ပပေါက်စျေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ စျေးနှုန်းမြှင့် တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ ရှိရသည်ဟု သိရသည်။
၎င်းတို့မှာ ရွှေစျေးကွက် မတည်မငြိမ်ဖြစ် စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူသိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင် ပြန် လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန် သဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွှေလုပ်ငန်း ရှင်များအနေဖြင့် ရွှေစျေးကွက် တည်ငြိမ်စေ ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် ထုတ် ပြန်ထားသညအမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်နှင့် လိုက်နာခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူ မည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်မှာ သိန်းသန်းစိန်ရွှေရတနာဆိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်းမှာ အကယ်ဒမီ ရွှေဆိုင်နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်မှာ ရွှေစင်အကယ်ဒမီရွှေဆိုင်တို့မှ ဖြစ်ကြောင်း သိရသည်။















