၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ ကျောင်းသားကျောင်းသူပေါင်း နှစ်သိန်းခွဲကျော်ရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ ကျောင်းသားကျောင်းသူပေါင်း နှစ်သိန်းခွဲကျော်ရှိ
Published 11 March 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ ကျောင်းသားကျောင်းသူပေါင်း နှစ်သိန်းခွဲကျော်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနတို့၌ ပထမနေ့ မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁ ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး၊ စုစုပေါင်း ၂၆၈၇၅၃ ဦးရှိကြောင်း သိရသည်။

စာရင်းသွင်းထားသူများအနက် ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄၂၅၉ ဦး၊ ကျောင်းသူ ၁၅၀၉၆၉ ဦး၊ စုစုပေါင်း ၂၅၅၂၂၈ ဦး ဝင်ရောက်ဖြေဆိုသည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမွေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး၊ စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent