မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်မှု​ကြောင့် ကားထဲက ဓာတ်ဆီထုတ်ယူသူနှစ်ဦး မီးလောင်ဒဏ်ရာရရှိ

မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်မှု​ကြောင့် ကားထဲက ဓာတ်ဆီထုတ်ယူသူနှစ်ဦး မီးလောင်ဒဏ်ရာရရှိ
Published 10 March 2026

မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်မှု​ကြောင့် ကားထဲက ဓာတ်ဆီထုတ်ယူသူနှစ်ဦး မီးလောင်ဒဏ်ရာရရှိကြောင်း သိရသည်။

အ​ရှေ့အလယ်ပိုင်း စစ်မီးဂယက်နှင့် အခြားမြို့များနည်းတူ စက်သုံးဆီပြတ်လပ်မှု​ဖြစ်ပွားနေသည့် မြဝတီမြို့တွင် ကားထဲက ဓာတ်ဆီ ထုတ်ယူရာမှ မီး​လောင်မှုဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးထိရှိကာ နှစ်ဦးစလုံးမဲ​ဆောက်​ဆေးရုံသို့ ပို့​ဆောင်​ပေးထားရ​ကြောင်း Z-RESCUE အ​ရေး​ပေါ် လူမှုကယ်ဆယ်​ရေးအသင်းထံမှ သိရသည်။

မြဝတီမြို့တွင်း၌ စက်သုံးဆီဆိုင်အချို့ အ​ရောင်းပိတ်ထားသလို၊ အချို့ဆ်ိုင်များဖွင့်လှစ်​ရောင်းချ​နေ​သော်လည်း တန်းစီဝယ်ယူသူများပြားသည့်အတွက် မဲ​ဆောက်ဘက်သို့ သွား၍ ကားဆီဖြည့်ပြီး မြဝတီတွင် ပြန်လည်​ရောင်းချသည့်​စျေးကွက်တွင် ကျယ်လာခဲ့သည်။

သို့ဖြစ်၍ မြဝတီမှ မဲ​ဆောက်သို့ သွား​ရောက် ဆီဖြည့်မည် ​မော်​တော်ယာဉ်များ​ကြောင့် အမှတ် ၁ ချစ်ကြည်​ရေးတံတားတွင် မတ် ၆ ရက်​ထိ ယာဉ်​ကြောပိတ်ဆို့မီုဖြစ်ပွားခဲ့သည်။

မဲ​ဆောက်တွင် ကားဆီဖြည့်ပြီးမြဝတီမှာ ပြန်လည် ဖောက်ထုတ်​ရောင်းချစဉ် မတ် ၈ ရက်​က တစ်ဦး၊ မတ် ၉ ရက်​က တစ်ဦး မီး​လောင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု Z-RESCUE အ​ရေး​ပေါ်လူမှုကယ်ဆယ်​ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မဲ​ဆောက်မှာ ဆီသွားဝယ်၊ ပြီးရင် ဆီထုတ်​ရောင်းတဲ့အဖွဲ့က သပ်သပ်ရှိပါတယ်၊ မီး​လောင်​တယ်ဆိုတာအရမ်း အန္တရာယ်ကြီးပါတယ်။ အရမ်းလည်းစိုးရိမ်မိတယ်၊ ခုက ရပ်ကွက်အတွင်းမှာ ကြီးကြီးမားမား မီး​လောင်မှုမဖြစ်ခဲ့​ပေမဲ့ လူထိခိုက်တယ်။ အရမ်းစိုးရိမ်ရပါတယ်။ အနီ​ရောင်အဆင့်လို့ ​ပြောရမှာ​ပေါ့။ လူ့အသက်ထက် အရေးကြီးတာဘာမှ မရှိဘူး​လေ။ မြဝတီ​ဆေးရုံကြီးက​နေ မဲ​ဆောက်​ဆေးရုံကြီးသို့ ပို့​ဆောင်​ပေးခဲ့တာပါ။ အားလုံးသတိထားဆင်ခြင်သင့်ပါတယ်” ဟု Z-RESCUE လူမှု ကယ်ဆယ်​ရေး အသင်းတာဝန်ရှိသူက​ပြောကြားသည်။

Most Read

Most Recent