■ ဦး​အောင်လင်း​​ဒွေး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပါအဝင်  စုစု​ပေါင်း လူပုဂ္ဂိုလ် ၃၀၂ ဦးကို ​ဂုဏ်ထူး​ဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ချီးမြှင့်

■ ဦး​အောင်လင်း​​ဒွေး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပါအဝင်  စုစု​ပေါင်း လူပုဂ္ဂိုလ် ၃၀၂ ဦးကို ​ဂုဏ်ထူး​ဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ချီးမြှင့်
Published 2 March 2026

ဆုတံဆိပ်ရရှိသူများတွင် ရဲအောင်၊ ခန့်စည်သူ၊ ငှက်ပျောကြော်၊ ခင်လှိုင်၊ ဆင်မ၊  မြင့်မြတ်၊ အောင်ခိုင်၊ ဇော်ဦး၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ခြူးလေး၊ မနော၊ J Fire၊ မေသက်ထားဆွေ၊ နက္ခတ်၊ နေထူးနိုင်၊ ဇော်ဝင်းနိုင်(မန်း)၊ L ဆိုင်းဇီ၊ နီနီခင်ဇော်၊စိုးစန္ဒာထွန်း၊ ထူးအယ်လင်း အပါအဝင် အနုပညာ​နှင့် အဆို​တော်နယ်ပယ်မှ ၃၁ ဦးပါဝင်

ဦး​အောင်လင်း​​ဒွေး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပါအဝင် ပြည်​ထောင်စုဝန်ကြီးများနှင့် ပြည်​ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ ဒုဝန်ကြီးများ၊ ဝန်ထမ်းအကြီးအမှူးများ၊ အနုပညာ​ရှင်များ၊ သတင်းမီဒီယာနယ်ပယ်မှ သတင်းသမားအချို့ စုစု​ပေါင်း လူပုဂ္ဂိုလ် ၃၀၂ ဦးကို ​ဂုဏ်ထူး​ဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ချီးမြှင့်​ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၄၃ / ၂၀၂၆ ဖြင့် ယ​နေ့ (မတ် ၂ ရက်)တွင် ထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရာတွင်သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်​ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယာယီသမ္မတက​ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ထူး​ဆောင်ဘွဲ့နှင့် ဆုတံဆိပ်ရရှိသည့် ၂၉၂ ဦးတွင် သ​ရေစည်သူဘွဲ့ ၁၀ ဦး၊ စည်သူဘွဲ့ ၁၀ ဦး၊ သီရိပျံချီဘွဲ့ ၂၀ ဦး၊ ​ဇေယျ​ကျော်ထင်ဘွဲ့ ငါးဦး၊ ဝဏ္ဏ​ကျော်ထင်ဘွဲ့ ၁၆ ဦး၊ အလက်ာ​ကျော်စွာဘွဲ့သုံးဦး၊ သိပ္ပ​​ကျော်စွာဘွဲ့ နှစ်ဦး၊ သူရဲ​ကောင်းမှတ်တမ်းဝင်တံဆိပ် နှစ်ဦး၊ ရဲဗလတံဆိပ် ၂၇ ဦး၊ ရဲသူရိန်တံဆိပ် နှစ်ဦး၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်)ကိုးဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယဆင့်) ၁၃ ဦး၊ စီမံထူးချွန်တံဆိပ်(တတိယဆင့်) ၁၁၅ ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမဆင့်) ရှစ်ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်) ၁၁ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၁၉ ဦး၊ လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယဆင့်) ၁၂ ဦး၊ ဝန်​ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယဆင့်) သုံးဦး၊ အနုပညာထူးချွန်တံဆိပ်(ပထမဆင့်)ငါးဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယဆင့်)​လေးဦးနှင့် စာ​​ပေပညာထူးချွန်တံဆိပ်(တတိယဆင့်)၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ဒုတိယဆင့်)၊ ဝန်​ဆောင်စီးပွားထူးချွန်တံဆိပ်(ပထမဆင့်)၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယဆင့်)၊ ရဲ​ကျော်သူတံဆိပ် တစ်ဦးစီ ပါဝင်သည်။

ထိုသို့ ​ချီးမြှင့်ရာတွင် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်

 ဦးအောင်လင်းဒွေး၊ ​ကောင်စီတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး​၊ ပြည်​ထောင်စုဝန်ကြီးများဖြစ်သည့် ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ဦးမျိုးသန့်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊Jeng Phang နော်တောင်တို့က ရရှိခဲ့သည်။

ထို့အတူ စည်သူဘွဲ့အား ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးကိုကိုလှိုင်၊ ဦးသန်းစိုး၊ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းတို့က ရရှိခဲ့သည်။

အလားတူ သီရိပျံချီဘွဲ့အား ပြည်​ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်ကျော်ဟိုး၊ ဦးချစ်ဆွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်မိုးမြင့်၊ဦးအောင်လွင်ဦး၊ ဦးအောင်စောဝင်း၊ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်သင်းဝေနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ​ကောင်စီမှ ဦးခင်​မောင်​ကျော်တို့က ရရှိခဲ့သည်။

ထို့ပြင် အငြိမ့်မင်းသမီးကြီး​ကောလိပ်မြိုင်အား ဝဏ္ဏ​ကျော်ထင်ဘွဲ့အားလည်း​ကောင်း၊ အလင်္ကာကျော်စွာဘွဲ့အား အဆိုပညာရှင်များဖြစ်သည့် ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ်နှင့် သရုပ်​ဆောင် ခန့်စည်သူတို့အားလည်း​ကောင်းချီးမြှင့်ခဲ့ပြီး အနုပညာရှင်များဖြစ်သည့် နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်(ခ) မေမြင့်မိုရ်အောင်၊ ခြူးလေး(ခ) စန်းသော်တာ၊ ဇာတ်ညွှန်းရေးဆရာ လင်္ကာညို (ခ) တေဇာကျော်၊ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)၊သူရိယနေဝန်းမီဒီယာနှင့်ဂျာနယ်မှ ဦးမိုးဟိန်းတို့အား လူမှုထူးချွန်တံဆိပ် (ပထမဆင့်)ကိုလည်း​ကောင်း၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်)အား လူရွှင်တော်/ သရုပ်ဆောင် ငှက်ပျောကြော်(ခ) မောင်မောင်အေး၊ သွက်လက်(ခ) သိန်းဝင်းအောင်၊ စူပါလင်း(ခ) သက်အောင်၊ သတင်းမီဒီယာနယ်ပယ်မှ ပုဂ္ဂိုလ်များဖြစ်သည့် Trend Joumal မှ ဦးဝဏ္ဏ(ခ) အွန်လိုင်းဝဏ္ဏ၊ Myanmar National Post မှ ဦးနိုင်ဝင်းထွန်း(ခ) နောင်တော်လေး၊ People Mediaမှ ဦးကျော်စိုးဦး၊ မြန်မာ့ဂုဏ်သတင်းဌာနမှ ဦးအောင်မိုးကျော်၊ UNION Politics News မှ ဦးထူးမောင်မောင်၊ Sniper Su မှ ဒေါ်ခက်နှင်းဆု၊ Thazin Oo/ Truth Zone Onlineမှ ဒေါ်သဇင်ဦး၊ Myanmar Hard Talkမှ ဦးအောင်မင်းတို့အား ချီးမြှင့်ခဲ့သည်။

အလားတူ အဆို​တော်များဖြစ်သည့် မနော၊ J Fire၊ မေသက်ထားဆွေ၊ဗီဗာဟိန်း၊ ဝိုင်းလမင်းအောင်၊မေ့ချစ်သက်၊ စိုးသီဟ၊ သရုပ်​ဆောင်များဖြစ်သည့် နက္ခတ်၊ နေထူးနိုင်၊ ဇော်ဝင်းနိုင်(မန်း)၊ ဆင်မ၊ ခင်လှိုင်၊ ​တေး​ရေးနှင့် ဇာတ်ညွှန်း​​ရေးဆရာ ဗညားရဲရင့်တို့အား လူမှုထူးချွန်တံဆိပ်(တတိယဆင့်)အားလည်း​ကောင်း၊ အနုပညာထူးချွန်တံဆိပ်(ပထမဆင့်)အား သရုပ်​ဆောင်များဖြစ်သည့် ရဲအောင်၊ မြင့်မြတ်(ခ)မျိုးမင်းဟိန်း၊ အောင်ခိုင်၊ ဇော်ဦး၊ တေးရေးပညာရှင် မင်းဇော်တို့ကိုလည်း​ကောင်း၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယဆင့်) အဆိုပညာရှင်ပညာရှင်များဖြစ်သည့် L ဆိုင်းဇီ၊ နီနီခင်ဇော်၊စိုးစန္ဒာထွန်းနှင့် ထူးအယ်လင်းတို့က ရရှိခဲ့သည်။

Most Read

Most Recent