ပေါက်ကွဲမှုကြောင့် ဒူဘိုင်းလေဆိပ်များကို ပိတ်ထားကာ အရှေ့အလယ်ပိုင်းနိုင်ငံများကလည်း ၎င်းတို့လေပိုင်နက်များကိုပိတ်ထား

ပေါက်ကွဲမှုကြောင့် ဒူဘိုင်းလေဆိပ်များကို ပိတ်ထားကာ အရှေ့အလယ်ပိုင်းနိုင်ငံများကလည်း ၎င်းတို့လေပိုင်နက်များကိုပိတ်ထား
Published 28 February 2026

■ Update News

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒူဘိုင်းမြို့၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် နိုင်ငံတကာခရီးသည် အဝင်အထွက်အများဆုံး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DXB) နှင့် ဒူဘိုင်းဝေါလ်စင်ထရယ် (DWC) လေဆိပ်တို့ရှိ ပျံသန်းရေးလုပ်ငန်းစဉ်အားလုံးကို နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ရပ်ဆိုင်းထားကြောင်း လေဆိပ်နှစ်ခုရှိတာဝန်ရှိသူများက အတည်ပြုခဲ့သည်။ 

အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ကာ အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသတွင်းရှိ ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ကမ္ဘာလုံးရှိ လေကြောင်းလိုင်းများက အရှေ့အလယ်ပိုင်းသို့ ပျံသန်းမည့်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြသည်။

ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ဂျော်ဒန်၊ လက်ဘနွန်၊ အစ္စရေး၊ အီရန်၊ အီရတ်နှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့တွင် ဝေဟင်ပိုင်နက်များကို ပိတ်လိုက်သဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေကြောင်းခရီးစဉ်များ ပြတ်တောက်လျက်ရှိသည်။

British Airways လေကြောင်းလိုင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့နှင့် ဘာရိန်းနိုင်ငံသို့ပျံသန်းမည့် ခရီးစဉ်များကို မတ် ၃ ရက်အထိ ဖျက်သိမ်းထားသည်။Lufthansa လေကြောင်းလိုင်းက  တဲလ်အဗစ်၊ လက်ဘနွန်နိုင်ငံ ဘေရွတ်နှင့် အိုမန်နိုင်ငံများသို့ ပျံသန်းမည့် ခရီးစဉ်များကို ရပ်ဆိုင်းထားသည်။

Norwegian Air လေကြောင်းလိုင်းက  ဒူဘိုင်းသို့ အဝင်အထွက်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားကြောင်း The Mirror သတင်းက ဖော်ပြခဲ့သည်။Qatar Airways လေကြောင်းလိုင်းကလည်း ကာတာလေပိုင်နက်ကို ပိတ်ထားမှုကြောင့် ပျံသန်းမှုများကို ယာယီရပ်ဆိုင်းထားသည်။

■ Ref: Manchester Evening News



 

Most Read

Most Recent