ဟားလ်စီးတီး - ချယ်လ်ဆီး (ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ပြီးခဲ့တဲ့ကြားရက်မှာ ချယ်လ်ဆီးအသင်း ရိုစီနီယာလက်ထက် ပထမဆုံးသရေပွဲကြုံခဲ့ရတယ်။ လိဒ်စ်အသင်းကို နှစ်ဂိုးပြတ်ဦးဆောင်ထားပြီးမှ ချေပဂိုးတွေပြန်ပေးရပြီး သရေပွဲ ကြုံခဲ့ရတာ နစ်နာပါတယ်။ တိုက်စစ်ပိုင်းက တိုးတက်မှုရှိလာပေမဲ့ ခံစစ်ကတော့ ဂိုးတွေ ပေးနေရဆဲဖြစ်ပြီး Clean Sheet နှစ်ပွဲပဲရထားသေးတယ်။ ဟားလ်စီးတီးအသင်းက ချန်ပီယံရှစ်မှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး တန်းတက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေတဲ့ အသင်းပါ။ ဒီနှစ်သင်းကြားမှာ ခြားနားချက်က တော်တော်လေးကြီးပေမဲ့ ချယ်လ်ဆီးအသင်း ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ချယ်လ်ဆီးအသင်းပဲ အနိုင်သေချာပြီး နှစ်ဂိုးလောက်ပြတ်နိုင်တယ်။
ပီဆာ - အေစီမီလန် (ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ဇယားထိပ်ဆုံးက မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို ဖိအားဆက်ပေးထားနိုင်ဖို့အတွက် အေစီမီလန်အသင်း ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ရထားဖို့ လိုပါတယ်။ အေစီမီလန်က ဒီရာသီ စီးရီးအေမှာ ရှုံးပွဲတစ်ပွဲပဲ ရှိသေးပေမဲ့ သရေပွဲတွေများလို့ အင်တာမီလန်အသင်းနဲ့ အမှတ်ပြတ်သွားရတာပါ။ အထူးသဖြင့် အဝေးကွင်းပွဲတွေဆိုရင် အေစီမီလန်အသင်း အမှတ်လျော့တတ်တယ်။ တန်းတက်ပီဆာကတော့ တန်းဆင်းဇုန်ထဲက ရုန်းမထွက်နိုင်သေးဘဲ တန်းပြန်ဆင်းရမယ့် အခြေအနေရင်ဆိုင်နေရတဲ့အသင်းပါ။ အခုအချိန်အထိ နိုင်ပွဲတစ်ပွဲပဲရှိသေးသလို နိုဝင်ဘာကတည်းက ၁၃ ပွဲဆက်တိုက်နိုင်ပွဲမရသေးဘူး။ အေစီမီလန်အသင်း ဂိုးပြတ်လိမ့်မယ်။
ရန်းစ် - PSG (ဖေဖော်ဝါရီ ၁၃ရက်နေ့ ည ၁၂း၃၀ နာရီ)
ရန်းစ်က ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲဆက် ရှုံးနိမ့်ထားတဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်းက တော်တော်လေး ဆိုးရွားနေပါတယ်။ PSG က လောလောလတ်လတ်ပဲ မာဆေးလ်ကို (၅)ဂိုးပြတ်အနို်င်ယူထားတဲ့အသင်းဖြစ်တာကြောင့် PSG အသင်း ဂိုးဘယ်လောက်သွင်းမလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲမျိုးပါပဲ။
အခြားပွဲများ
* မိုနာကို - နန့်စ်
ဒေါ့မွန် - မိန့်ဇ် *
အယ်လ်ချီ - အိုဆာဆူနာ *
ဝရက်စ်ဟမ်း - အစ်ဝစ်ချ် *















