စတာလင်ကို ရာသီကုန်အထိ ဖီယင်နုအသင်း စာချုပ်ချုပ်ဆို

စတာလင်ကို ရာသီကုန်အထိ ဖီယင်နုအသင်း စာချုပ်ချုပ်ဆို
Photo: X
Photo: X
Published 13 February 2026

နယ်သာလန်ကလပ် ဖီယင်နုအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား စတာလင်ကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

စတာလင်(၃၁ နှစ်)ဟာ ဇန်နဝါရီလအတွင်း ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ခေါ်ယူလိုတဲ့အသင်းများစွာ ရှိခဲ့တဲ့အနက် ဖီယင်နုအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ စတာလင်ကို ခေါ်ယူလိုတဲ့ ကလပ်အသင်း (၁၈)သင်းလောက်ရှိခဲ့ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဖီယင်နုအသင်းကို ရွေးချယ်ခဲ့ခြင်းကတော့ နည်းပြ ဗန်ပါစီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခြင်းနဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခွင့်ရမယ်လို့ ယုံကြည်တာကြောင့်ဖြစ်ကြောင်း စတာလင်က ပြောကြားခဲ့ပါတယ်။

''ကျွန်တော် ရော်ဘင်(ဗန်ပါစီ)နဲ့ အသေးစိတ်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဖီယင်နုက ကျွန်တော် ပျော်ရွှင်နိုင်မယ့် နေရာတစ်ခုဖြစ်ပြီး အသင်းရဲ့ တန်ဖိုးရှိတဲ့ ကစားသမားတစ်ယောက်အဖြစ် ကျွန်တော့်ကိုယ် ကျွန်တော် တည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်ပမှာ ကစားရမှာကတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်ပါပဲ။ အရိုးသားဆုံးပြောရရင် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်'' လို့ စတာလင်က ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent