ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ ရက် နံနက် ၆ နာရီခန့်တွင် နေပြည်တော်-ရန်ကုန်ဘက်ခြမ်း(အပြန်လမ်း) မိုင်တိုင် ၄၆/၅-၆ အရောက်တွင် ယာဉ်၏အနောက်ဘက် အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး နံနက် ၆ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းနှင့် ခရီသည်များ ဘေးကင်းခဲ့ကြောင်း၊ မီးလောင်ခဲ့သည့် မော်တော်ယာဉ်မှာ Yutong အမျိုးအစားဖြစ်ကြောင်း သိရသည်။















