■ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစ်စီး မီးလောင်

■ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစ်စီး မီးလောင်
Published 22 January 2026

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅/၇)တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁ မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၈ နာရီ ၉ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent