■ အမေရိကန်က နိုင်ငံတကာဥပဒေထက် ၎င်းတို့၏အာဏာပါဝါက ပိုအရေးကြီးသည်ဟု ယူဆနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား

■ အမေရိကန်က နိုင်ငံတကာဥပဒေထက် ၎င်းတို့၏အာဏာပါဝါက ပိုအရေးကြီးသည်ဟု ယူဆနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား
BBC နှင့် အင်တာဗျူးပြုလုပ်နေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်’ယာ’အား တွေ့ရစဉ်(Photo: BBC)
BBC နှင့် အင်တာဗျူးပြုလုပ်နေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်’ယာ’အား တွေ့ရစဉ်(Photo: BBC)
Published 20 January 2026

အမေရိကန်သည် ၎င်းတို့ကိုအရေးမယူ နိုင်သည့်ပုံစံမျိုးပြုမူနေပြီး နိုင်ငံတကာဥပဒေထက် ၎င်းတို့၏အာဏာပါဝါက ပိုအရေးကြီးသည်ဟု မှတ်ယူနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကဘီဘီစီကို ပြောကြားခဲ့သည်။

BBC Radio 4 ၏ Tody အစီအစဉ်တွင် ဂူတာရက်စ်က နိုင်ငံအများအပြားပါဝင်ဆုံးဖြတ်သည့် ဖြေရှင်းချက်များက အရေးမပါတော့ဟု အမေရိကန်က ပြတ်ပြတ်သားသားယုံကြည်နေပြီး အမှန်တကယ် အရေးပါနေသည်မှာ အမေရိကန်၏သြဇာအာဏာကို အသုံးချရေးဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ 

အမေရိကန်က ဗင်နီဇွဲလားကိုတိုက်ခိုက်ပြီး သမ္မတမာဒူရိုကို ဖမ်းခေါ်လာပြီးနောက်မကြာသေး၊ ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းကိုသိမ်းပိုက်မည်ဟု ထပ်တလဲလဲခြိမ်း ခြောက်လာချိန် ဂူတာရက်စ်၏မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူညီမျှရှိရမည်ဆိုသည့် အချက်အပါ အဝင်ကုလသမဂ္ဂ၏ အခြေခံမူများသည် ယခုအခါခြိမ်းခြောက်ခံနေရပြီဟု ဂူတာရက်စ်က ယူဆနေသည်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ပြဌာန်းထားသည့် နိုင်ငံတကာဥပဒေများကိုအဖွဲ့ဝင်နိုင်ငံများ လိုက်နာလာအောင် အဖွဲ့အစည်းကိုယ်တိုင်က ကြိုးစားနေရသည်ဟုလည်း ဂူတာရက်စ်ကဝန်ခံခဲ့သည်။ ကုလ သမဂ္ဂအနေဖြင့် ကမ္ဘာ့ပဋိပက္ခများကိုဖြေရှင်းပေးရန် အစွမ်းကုန်ကြိုးစားနေကြောင်း၊ သို့သော်ကုလသမဂ္ဂတွင် ဖိအားပေးနိုင်သည့် အခွင့်အာဏာမရှိတော့ဘဲ အင်အားကြီးနိုင်ငံများကသာ ထိုအာဏာရှိတော့ကြောင်း ဂူတာ ရက်စ်က ထုတ်ဖော်ပြောသည်။

ထို့ပြင်၎င်းက အဖွဲ့ဝင် ၁၉၃ နိုင်ငံရင်ဆိုင်နေရသည့် ကြီးမားသည့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန်လိုအပ်ပြီဟုလည်း ဝန်ခံလိုက်သည့်အပြင် တရားဥပဒေစိုးမိုးရေးကို အာဏာ၏အဆုံးအဖြတ်ဖြင့် အစားထိုးသင့်သည်ဟု ယုံကြည်နေသူများ ရှိနေကြသည် ဟုပင် ပြောကြားခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန်ဖွဲ့ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယခုအခါကမ္ဘာကို ကိုယ်စားမပြုတော့ ၊ ထိရောက်မှုလည်း မရှိတော့ဟု ဂူတာရက်စ်ကပြောသည်။

လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်၊ တရုတ်၊ ရုရှား၊ ယူကေနှင့်အမေရိကန်တို့က ဆုံးဖြတ်ချက်များကို ဗီတိုအာဏာဖြင့်ပယ်ချခွင့်ရှိမှုအပေါ်  ဂူတာရက်စ်က ဗီတိုအာဏာကို အဖွဲ့ဝင်နိုင်ငံများက ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသည်ဟု ဝေဖန်ခဲ့သည်။

ထို့ကြောင့် တစ်ကမ္ဘာလုံး၏အသံကို နားထောင်နိုင်ရန် လုံခြုံရေးကောင်စီ၏ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန်နှင့် လက်ခံနိုင်ဖွယ်မရှိသည့် ပိတ်ဆို့မှုများဖြစ်မလာအောင် ဗီတိုအာဏာသုံးခြင်းကိုကန့်သတ်ရန် ဂူတာရက်စ်က တောင်းဆိုနေသည်။

ဒေါ်နယ်ထရန့်သည် ယခင်ကတည်းက ကုလသမဂ္ဂကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်စက်တင်ဘာက အထွေထွေညီလာခံမိန့်ခွန်းတွင် ဖြေရှင်းမရသည့် စစ်ပွဲခုနစ်ခုကို ၎င်းကအဆုံးသတ်နိုင်ခဲ့ပြီး ကုလသမဂ္ဂကမူ တစ်ခုမှဝင်ကူညီရန်မကြိုးစားခဲ့ဟု ပြောဆိုခဲ့သည်။

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ်သည် ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂအကြီးအကဲတာဝန်ကို စတင်ယူခဲ့ပြီး ယခုနှစ်ကုန်တွင် ထိုရာထူးမှအနားယူတော့မည် ဖြစ်သည်။

■ Ref: BBC

 

Most Read

Most Recent