ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမည့် မြန်မာ-ရုရှား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့် ဇန်နဝါရီ ၂၇ ရက် စတင်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်သည်။
သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် နှစ်နိုင်ငံအကြား ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ ယင်းသို့ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ရုရှားနိုင်ငံ မင့်စ်မြို့တွင် ရုရှားနှင့် မြန်မာအကြား ပြည်ဝင်ခွင့်ဗီဇာ အပြန်အလှန်ကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်အရ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြည်ဝင်ခွင့်ဗီဇာ အပြန်အလှန်ကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်အရ ရုရှားနိုင်ငံတွင် အမြဲနေထိုင်ခွင့်၊ ပညာရေး သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများနှင့် မသက်ဆိုင်ဘဲ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ပြီဖြစ်ပြီး အပြန်အလှန်အနေဖြင့် မြန်မာနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့်လည်း ရက် ၃၀ နေထိုင်ခွင့်ရမည်ဖြစ်သည်။
ထို့ပြင် ဗီဇာကင်းလွတ်ခွင့်ဖြင့် တစ်နှစ်အတွင်း စုစုပေါင်းနေထိုင်ခွင့် ရက် ၉၀ ထက်မကျော်စေဘဲ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။















