■ လွိုင်လင်-နမ့်စမ် ပြည်ထောင်စုလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ချောက်ထဲပြုတ်ကျသဖြင့် တစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိ

■ လွိုင်လင်-နမ့်စမ် ပြည်ထောင်စုလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ချောက်ထဲပြုတ်ကျသဖြင့် တစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိ
Published 17 January 2026

ရှမ်းပြည်နယ် လွိုင်လင်-နမ့်စမ် ပြည်ထောင်စုလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ချောက်ထဲပြုတ်ကျသဖြင့် တစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၇/၁) နှင့် (၁၇၇/၂) ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ချောက်ထဲကျနေကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ နမ့်စန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ ဦးအနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ဂာရရှိသူများအား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ် တစ်စီး၊ နမ့်စမ်မြို့နယ်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ် တစ်စီးနှင့် တောင်တန်းလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ် တစ်စီးတို့ဖြင့် လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Photos: MFSD

 

Most Read

Most Recent