ချယ်လ်ဆီး - အာဆင်နယ် (ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ချယ်လ်ဆီးနည်းပြသစ် လီယမ်ရိုစီနီယာက ပွဲဦးထွက်မှာ ချာလ်တန်ကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး အဖွင့်လှခဲ့ပါတယ်။ ဒါပေမဲ့ အခု ရင်ဆိုင်ရမှာက အင်္ဂလန်မြေမှာ အတည်ငြိမ်ဆုံးစွမ်းဆောင်ရည်ကို ပြသနေတဲ့ လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းပါ။ အာဆင်နယ်က ပြိုင်ပွဲစုံ နောက်ဆုံး(၉)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပါတယ်။ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာလည်း ချယ်လ်ဆီးအနေနဲ့ ၂၀၂၁ နောက်ပိုင်း အာဆင်နယ်ကို အနိုင်မရသေးပါဘူး။ အိမ်ကွင်းဖြစ်တာကြောင့် ချယ်လ်ဆီးအသင်း သရေတော့ မျှော်လင့်လို့ ရနိုင်ပါတယ်။
အယ်လ်ဘာစီတီ - ရီးယဲလ်မက်ဒရစ် (ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၂း၃၀ နာရီ)
အယ်လ်ဘာစီတီက ဆီဂန်ဒါမှာ အဆင့်(၁၇)နေရာ ရောက်နေတဲ့အသင်းဖြစ်ပြီး စပိန်ဘုရင့်ဖလားမှာတော့ ဆယ်လ်တာဗီဂိုကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်ပြီး (၁၆)သင်းအဆင့် ရောက်လာတာပါ။ ရီးယဲလ်နဲ့ အယ်လ်ဘာစီတီက အဆင့်ချင်းကွာခြားပါတယ်။ နည်းပြသစ် အာဘီလိုအာအတွက် ပွဲဦးထွက်မှာ အသင်းဥက္ကဋ္ဌရော ပရိသတ်တွေပါ ကျေနပ်အောင် စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်နေပါတယ်။ ရီးယဲလ်အသင်း ဂိုးပြတ်အနိုင်ယူမယ့်ပွဲပါ။
အခြားပွဲများ
* အလာဗတ်စ် - ဗယ်လက်ကာနို
* ဘက်တစ် - အယ်လ်ချီ















