■ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ပြီးချိန်တွင် ကျားဖြူပါတီက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ကိုယ်စားလှယ် ရှစ်ဦး အနိုင်ရထား

■ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ပြီးချိန်တွင် ကျားဖြူပါတီက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ကိုယ်စားလှယ် ရှစ်ဦး အနိုင်ရထား
Published 13 January 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ပြီးချိန်တွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ကိုယ်စားလှယ် ရှစ်ဦး အနိုင်ရရှိထားကြောင်း ယင်းပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တွင် အနိုင်ရထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကျားဖြူပါတီအနေဖြင့် ရှမ်းပြည်နယ်၊ လင်းခေးနှင့် မိုးနဲမြို့နယ်တို့၌ အနိုင်ရရှိထားပြီး ရွေးကောက်ပိုင်း အပိုင်း (၂) တွင် လဲချား၊ မိုင်းကိုင်၊ ကွန်းဟိန်းမြို့နယ်တို့တွင် အနိုင်ရထားသည့်အတွက် စုစုပေါင်း ငါးမြို့နယ်တွင် ကိုယ်စားလှယ် ရှစ်ဦး အနိုင်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကျားဖြူပါတီအနေနဲ့ ရှမ်းပြည်နယ်၊ လင်းခေးနဲ့ မိုးနဲ မြို့နယ်များမှာအနိုင်ရရှိထားပြီး၊ ရွေးကောက်ပိုင်း အပိုင်း ၂ မှာတော့ လဲချား၊ မိုင်းကိုင်၊ ကွန်းဟိန်း တွေမှာ အနိုင်ရထားတာဖြစ်လို့ စုစုပေါင်း ငါးမြို့နယ်မှာ ကိုယ်စားလှယ် ရှစ်ဦး အနိုင်ရရှိထားပြီး ဖြစ်ပါတယ်” ဟု ကျားဖြူပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကျားဖြူပါတီက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တွင် ကိုယ်စားလှယ် ရှစ်ဦး အနိုင်ရရှိထားကြောင်း ထုတ်ပြန်ထားသော်လည်း မည့်သည့်လွှတ်တော်နေရာများတွင် အနိုင်ရရှိထားသည်ကို အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ရှမ်းပြည်နယ်က မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ စသည့် မြို့နယ်ကိုးမြို့နယ် ပါဝင်မည်ဖြစ်ကြောင်း UEC က ကြေညာထားသည်။

Most Read

Most Recent