အက်စတွန်ဗီလာအသင်းဟာ လက်ရှိအချိန်မှာ ဘက်ဆစ်တက်အသင်းကို ရောက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း အေဘရာဟမ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ၂၀၁၈-၁၉ ရာသီတုန်းက လိဂ်ချန်ပီယံရှစ်မှာရှိနေစဉ် အေဘရာဟမ်ကို အငှားနဲ့ ခေါ်ယူခဲ့ဖူးပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ထပ်မံခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ဟာ ၂၀၂၁ ခုနှစ်မှာ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီမှာ ဘက်ဆစ်တက်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။
အေဘရာဟမ်ဟာ တူရကီလိဂ်မှာလည်း ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ(၂၄)ပွဲမှာ (၁၂)ဂိုးသွင်းယူထားတာကြောင့် အက်စတွန်ဗီလာအသင်းက လက်ကျန်ရာသီဝက်အတွက် အားဖြည့်ဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက အက်သလက်တီကိုအသင်းကို ရောက်ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂယ်လေဟာကိုလည်း အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။















