■MNDAA အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် ​​ဒေသများကို ယခင်အထူးဒေသ(၁)အမည်ဖြင့် ခရိုင်​လေးခုနှင့် မြို့တော်တစ်ခုပါဝင်သည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍသစ်ကို ခြေလှမ်းနိုင်ခဲ့ပြီဖြစ်​ဟု ထုတ်ပြန်

■MNDAA အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် ​​ဒေသများကို ယခင်အထူးဒေသ(၁)အမည်ဖြင့် ခရိုင်​လေးခုနှင့် မြို့တော်တစ်ခုပါဝင်သည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍသစ်ကို ခြေလှမ်းနိုင်ခဲ့ပြီဖြစ်​ဟု ထုတ်ပြန်
Published 7 January 2026

အထူးဒေသ() ပြန်လည်ဖွဲ့စည်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ​​ဒေနှင့်မညီဘဲ အချုပ်အခြာအာဏာကို ထိပါးလာသည့်အခြေအနေဖြစ်ကြောင်းဝေဖန်မှုများရှိ

MNDAA အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် ​​ဒေသများကို ယခင်အထူးဒေသ()အမည်ဖြင့် ခရိုင်လေးခုနှင့် မြို့တော်တစ်ခုပါဝင်သည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍသစ်ကို ခြေလှမ်းနိုင်ခဲ့ပြီဖြစ်ဟု ထုတ်ပြန်ခဲ့ပြီး ယင်းသို့အထူးဒေသ() ပြန်လည်ဖွဲ့စည်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ​​ဒေနှင့်မညီဘဲ အချုပ်အခြာအာဏာကို ထိပါးလာသည့်အခြေအနေဖြစ်ကြောင်းဝေဖန်မှုများရှိ​​​နေသည်။

MNDAA အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် ကိုးကန့်ဒေသအား အပြည့်အဝထိန်းချုပ်ခဲ့သည့်အပြင် တပ်မတော်၏ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)ကို ထိန်းချုပ်ခဲ့သည့် ဇန်နဝါရီ ရက်ကို အထူးဒေသ() ပြန်လည်ထူထောင်ရေးနေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်လိုက်ကြောင်းMNDAA အဖွဲ့က ဇန်နဝါရီ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ()ကို ခရိုင်လေးခုနှင့် မြို့တော်တစ်ခု ပါဝင်သည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍသစ်ကို ခြေလှမ်းနိုင်ခဲ့ပြီဖြစ်ဟု ဇန်နဝါရီ ရက်က ထုတ်ပြန်သည့် MNDAA ကိုးကန့်အထူးဒေသ()ကို ပြန်လည်ထိန်းချုပ်နိုင်သည့် ဒုတိယအကြိမ်မြောက် အောင်ပွဲနေ့ အခမ်းအနားထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ MNDAA ၏ထုတ်ပြန်ချက်တွင် အထူးဒေသ()ကို ခရိုင်လေးခုနှင့် မြို့တော်တစ်ခုဖြင့် ဖွဲ့စည်းကြောင်းဖော်ပြထားပြီး အမည်များကို အတိအကျ ဖော်ပြထားသော်လည်း ​​ဒေသတွင်း သတင်းဌာနအချို့၏ဖော်ပြချက်အရ အထူးဒေသ၏ မြို့တော်အဖြစ် လောက်ကိုင်မြို့ကို သတ်မှတ်ပြီး ခရိုင်များအဖြစ် ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနှင့်လောက်ကိုင်ဟု သတ်မှတ် အုပ်ချုပ်မည်ဖြစ်ကြောင်းသိရသည်။

MNDAA နေဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ၁၄ နှစ်ကြာ ဆင်နွှဲခဲ့ပြီးနောက် ကိုးကန့်ဒေသ၏ မူလပိုင်နက်နယ်မြေကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်​​ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

MNDAA ​​​နေဖြင့်မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် AA TNLA အဖွဲ့များနှင့်ပူးပေါင်းပြီး  ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖော်ဆောင်ပြီး လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ မုံးကိုး၊ တာမိုးညဲ၊ ကြူကုတ်(ပန်ဆိုင်း) လားရှိုး၊ ကွမ်းလုံ၊ သိန္နီမြို့များကိုထိန်းချုပ်ခဲ့ပြီး ရှမ်းပြည်နယ် အထူးဒေသ()အဖြစ် သတ်မှတ်ကာ MNDAA အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ခဲ့သည်။

ထို့ပြင် MNDAA အဖွဲ့သည် ၎င်းတို့သတ်မှတ်သည့် အထူးဒေသ()တွင် မပါဝင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြား​​ဒေသအချို့တွင်လည်း AA TNLA အဖွဲ့များနှင့်ပူးပေါင်းရောထွေး ထိန်းချုပ်ထားသည့် ​​နေရာများလည်းရှိနေသည်။

MNDAA အဖွဲ့သည် ၁၀၂၇ တိုက်ပွဲဖော်ဆောင်ပြီး ကိုးကန့်ဒေသနှင့် ဆက်စပ်မြို့များအပါအဝင် ရှမ်းပြည်နယ်​​မြောက်ပိုင်းမြို့တော်ဖြစ်သည့် လားရှိုးမြို့ကိုပါထိန်းချုပ်ပြီး​​နောက်ရှေးယခင် အထူးဒေသ()တွင်မပါဝင်ခဲ့ သည့်နေရာများကိုပါ အထူးဒေသ()အမည်​​အောက်ထည့်သွင်း၍ ၎င်းတို့၏အုပ်ချုပ်ယန္တရားများစတင် လည်ပတ်ချိန်တွင် အထူးဒေသ()အလံနှင့် MNDAA အလံကိုလွှင့်ထူကာဆောင်ရွက်လာသဖြင့် ထိုစဉ်ကတည်းက ​​​ဝေဖန်မှုများရှိခဲ့သည်။

ယင်းသို့ဝေဖန်မှုများရှိလာပြီးနောက် ကနဦးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုပြန်လည် လွှင့်ထူခြင်းနှင့် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့် MNDAAအကြားတွေ့ဆုံဆွေး​​နွေးမှုများပြုလုပ်ခဲ့ကာ ၂၀၂၅ ခုနှစ် ဧပြီလလယ်ပိုင်းတွင် လားရှိုးမြို့မှ MNDAA အဖွဲ့များပြန်လည်ထွက်ခွာပြီး ဧပြီလနောက်ဆုံးပတ်တွင်  လားရှိုးမြို့အုပ်ချုပ်​​​​ရေးအား အစိုးရကပြန်လည်ထိန်းချုပ်လည်ပတ်နေကာ တပ်မတော်နှင့် MNDAA အကြားလည်း အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည်။

MNDAA နေဖြင့် လက်နက်ကိုင်တိုက်ပွဲများဖော်ဆောင်၍၂၀၀၈ ဖွဲ့စည်းပုံအ​​ခြေခံဥပဒေအရ သတ်မှတ်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  ဝင်ရောက်ထိန်းချုပ်ထားသည့်အပြင် ယင်းဒေသကိုကျော်လွန်ထိန်းချုပ်မှုများနှင့် ၎င်းတို့စိတ်ကြိုက်ပုံစံ အုပ်ချုပ်ရေးများဖော်ဆောင်မှုသည်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းသာမက ပြည်ထောင်စုကိုပြိုကွဲစေနိုင်သည့် လမ်းစဖြစ်လာမည့် ခြေအနေဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောကြားသည်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသရှိပြီးသားပဲ။ သူတို့ဒီဒေသအကျိုးအတွက် လုပ်ချင်လို့ ဒီဒေသမှာ ပြန်လည်ထိန်းချုပ်ခြင်လို့ တိုက်ပွဲဖော်ဆောင်တယ်ဆိုတာ မဆန်းဘူး။ ဒါ​​တောင်ရေရှည်မှာ သူတို့​​ဒေသမှာ ရွေးကောက်ပွဲ လမ်းကြောင်းကိုဖြတ်သန်းရမှာပဲ။ အခုက အဲဒါတွေထက်ကျော်လွန်ပြီး ဟိုယခင်ကာလတွေကလို သူတို့လုပ်ချင်တာလုပ်မယ်ဆိုတဲ့ စစ်ဘုရင်ကာလကို ပြန်အသက်သွင်းလာတယ်။ အထူးဒေသဆိုပြီးပြန်လုပ်လာတယ်။ သူတို့လုပ်ချင်တဲ့ စီးပွားရေးပုံစံလုပ်မယ်။ သယံဇာတတူးဖော်တာတွေ၊ ထုတ်လုပ်တာတွေလုလုပ်ချင်သလိုလုပ်မယ်။ အိမ်နီးချင်းနိုင်ငံနဲ့တိုက်ရိုက် ဆက်ဆံမယ်ဆိုတာတွေက တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုတွေကို ထိပါးလာတာပဲ။ ပြည်ထောင်စုကိုပြိုကွဲစေနိုင်တဲ့ လမ်းစဖြစ်လာမယ့် ခြေအနေဖြစ်တယ်"ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောကြားသည်။

၁၉၈၉ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် လက်ရှိ MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွန်း၏ ဖခင်ဖြစ်သူ ဖုန်ကြားရှင် ဦးဆောင်သည့် ဗကပမှခွဲထွက်လာသော ကိုးကန့်တပ်ဖွဲ့သည် တပ်မတော်နှင့် ငြိမ်းချမ်း​​ရေးရယူခဲ့ပြီးနောက် လောက်ကိုင်နှင့် ကုန်ကြမ်းဒေသကို  တပ်မတော်အစိုးရက ရှမ်းပြည်နယ် အထူးဒေသ() အဖြစ်သတ်မှတ်ကာ ကိုးကန့်အဖွဲ့ကို ထိန်းချုပ်အုပ်ချုပ်ခွင့်ပေးခဲ့သည်။

ယင်းနောက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ​​ဒေအတည်ပြုပြီးချိန်တွင် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင် မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီးသဖြင့် တပ်မတော်က ၂၀၀၉ ခုနှစ်တွင် MNDAA အဖွဲ့အားပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲခိုင်းရာမှတပ်မတော်နှင့် MNDAA အကြားတိုက်ပွဲပြန်လည်ဖြစ်ပွားပြီ ဖုန်ကြားရှင်ဦးဆောင်သည့် MNDAA အဖွဲ့သည် ကိုးကန့်တပ်ဖွဲ့မှာ အထူးဒေသ()နယ်မြေကနေ ထွက်ခွာပြီးနောက် ၎င်း၏သမက်တော်စပ်သူ ဦးစိုင်းလင်းထိန်းချုပ်သည့် မိုင်းလားနယ်မြေတွင် ကွယ်လွန်ချိိန်အထိနေထိုင်ခဲ့သည်။

MNDAA အဖွဲ့သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုးကန့်​​ဒေသနှင့်ဆက်စပ်နေရာများတွင် တိုက်ပွဲ တိုက်ပွဲများဖော်ဆောင်ခဲ့​​သေးပြီး ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲဖော်ဆောင်မှုတွင် မြို့အများကို ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲထားသည့် ""အဖွဲ့သည်ပင် ၎င်းတို့၏ "" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား ""ပြည်နယ်အဖြစ် တရားဝင်သတ်မှတ်ပေးရန် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများတွင်တောင်းဆိုမှု များရှိခဲ့ပြီး "" ပြည်နယ်ကိစ္စအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ​"" ​ဒေသတွင် ရွေးကောက်ပွဲပြုလုပ်၍ လွှတ်တော်ထဲတွင် တောင်းဆိုရန်ပြောကြားထားပြီးဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားထားသည်။

Most Read

Most Recent