■ ရွေးကောက်ပွဲအပိုင်း (၃)တွင် ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း UEC ထုတ်ပြန်

■ ရွေးကောက်ပွဲအပိုင်း (၃)တွင် ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း UEC ထုတ်ပြန်
Published 30 December 2025

ရွေးကောက်ပွဲအပိုင်း (၃)တွင် ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တွင် ပါဝင်သည့် မြို့နယ်များအတွက် မဲဆွယ်စည်းရုံးခွင့်ကာလနှင့် ရပ်နားထားရမည့်နေ့ရက်များကို နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာချက် ( ၁၅၁/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် မြို့နယ် ၆၃ မြို့နယ်စာရင်းကို ဒီဇင်ဘာ ၂၅ ရက်တွင် ကြေညာချက်အမှတ် ( ၁၇၀/၂၀၂၅ )ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သဖြင့် ရွေးကောက်ပွဲအပိုင်း (၃)တွင် ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲ ဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက် ည ၁၂ နာရီအချိန်မှ ဇန်နဝါရီ ၂၅ ရက် အပိုင်း (၃) ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရပ်နားထားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပိုင်း (၃) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ဇန်နဝါရီ ၂၃ ရက် ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။

မဲဆွယ်စည်းရုံးခွင့်သတ်မှတ်ကာလအတွင်း လက်ကမ်းစာစောင်များ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ၊ ဗွီနိုင်းပိုစတာများစိုက်ထူချိတ်ဆွဲခြင်း၊ စုဝေး ဟောပြောခွင့်နှင့် မီဒီယာများမှမဲဆွယ်စည်းရုံးခွင့်တို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၀-က နှင့် နည်းဥပဒေ အခန်း ( ၁၀ ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည် ဖြစ်ကြောင်း သိရသည်။

သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများ ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအားဖြုတ်သိမ်းသွားစေမည်ဖြစ်‌ကြောင်း၊ ယင်းသို့ ကြော်ငြာ၊ ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျသင့်ငွေအား သက်ဆိုင်ရာနိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

Most Read

Most Recent