စီးရီးအေမှာ လအလိုက်အကောင်းဆုံးဆုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် ဗာဒီ မှတ်တမ်းဝင်

စီးရီးအေမှာ လအလိုက်အကောင်းဆုံးဆုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် ဗာဒီ မှတ်တမ်းဝင်
Photo: X
Photo: X
Published 12 December 2025

ခရီမိုနီဆီအသင်းရဲ့ တိုက်စစ်မှူး ဗာဒီဟာ နိုဝင်ဘာလအတွက် စီးရီးအေအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ ဒီဆုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ခရီမိုနီဆီအသင်းဟာ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ(၃)ပွဲစလုံး ရှုံးနိမ့်ခဲ့ပေမဲ့ ဗာဒီက ဂျူဗင်တပ်စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူပြီး နိုဝင်ဘာလအတွင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လာမယ့်ဇန်နဝါရီလမှာ အသက်(၃၉)နှစ်ပြည့်တော့မယ့် ဗာဒီဟာ ပြီးခဲ့တဲ့နွေရာသီမှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ခရီမိုနီဆီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တစ်နှစ်စာချုပ်အပြင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုလည်း ရယူထားပါတယ်။

ဗာဒီဟာ လက်ရှိအချိန်မှာ ခရီမိုနီဆီအသင်းအတွက် (၁၀)ပွဲကစား၊ (၄)ဂိုးသွင်းယူထားပြီး စီးရီးအေပြိုင်ပွဲရဲ့ အမှုဆောင်ချုပ်ဖြစ်သူ ဒီဆီယာဗိုက ဗာဒီဟာ တခြားသောခေတ်ကာလတစ်ခုက ရောက်ရှိလာသူဖြစ်ပြီး စီးရီးအေမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို တစ်ကျော့ပြန်ပြသနေသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ လအလိုက်အကောင်းဆုံးကစားသမားဆုကို ၂၀၁၉ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး ဗာဒီမတိုင်ခင် အင်္ဂလန်ကစားသမားတွေထဲက ရရှိဖူးသူမရှိကြောင်း သိရပါတယ်။

Most Read

Most Recent