ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်လို့ ဂွါဒီယိုလာ ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်လို့ ဂွါဒီယိုလာ ပြောကြား
Photo: X
Photo: X
Published 10 December 2025

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီည မြန်မာစံတော်ချိန် (၂း၃၀)နာရီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ရီးယဲလ်နည်းပြ အလွန်ဆိုအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဂွါဒီယိုလာက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

''ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်ပါ။ ကျွန်တော်သာ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်မှုမျိုးနဲ့ ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ် ဆောင်ရွက်ခဲ့မယ်ဆိုရင် (၆)လအတွင်း ထုတ်ပယ်ခံရမှာပါ။ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းဟာ နည်းပြအဖြစ် လုပ်ဆောင်ဖို့ အခက်ခဲဆုံးကလပ်အသင်းတွေပါ။ ဒါကြောင့် ကျွန်တော် သူ့ကို စာနာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့  (၂)နှစ်ကြာအတူဖြတ်သန်းခဲ့ဖူးပြီး သူနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတာကြောင့်ပါ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ရီးယဲလ်နည်းပြ အလွန်ဆိုဟာ မန်စီးတီးကိုသာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေပြီး ကစားသမားတချို့နဲ့ အဆင်မပြေတာကြောင့် အနိုင်ရဖို့မလွယ်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ရီးယဲလ်အသင်းရဲ့ နည်းပြမှတ်တမ်းက (၂၇)ပွဲကိုင်တွယ်ရာမှာ (၁၉)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၄)ပွဲရှုံးဖြစ်ကြောင်း သိရပါတယ်။

 

Most Read

Most Recent