ကိုပါအီတာလီယာ(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာ(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 3 December 2025

နာပိုလီ - ကာဂလီယာရီ (ဒီဇင်ဘာ ၃ ရက် ည ၁၁း၃၀ နာရီ)

နာပိုလီနဲ့ ကာဂလီယာရီက အင်အားချင်းကွာခြားသလို၊ လတ်တလောမှာလည်း ကာဂလီယာရီက (၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့အသင်းပါ။ နာပိုလီကွင်းလည်းဖြစ်နေတာကြောင့် နာပိုလီအသင်း ဂိုးဘယ်လောက်သွင်းမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

အင်တာမီလန် - ဗင်နီဇီယာ (ဒီဇင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

ဗင်နီဇီယာက စီးရီးဘီမှာ နိုင်ပွဲဆက်နေပေမဲ့ ကိုပါအီတာလီယာမှာတော့ နောက်တစ်ဆင့်ကို မမျှော်လင့်သင့်တော့ပါဘူး။ ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ထားရတာကြောင့် အင်တာမီလန်အသင်း ပွဲပန်းနေနိုင်တာကိုတော့ သတိပြုရမှာပါ။ ဒါပေမဲ့ အင်တာမီလန်အသင်း အနည်းဆုံး(၂)ဂိုးတော့ သွင်းနိုင်မယ်ထင်ပါတယ်။

အခြားပွဲ

*အတ္တလန်တာ - ဂျီနိုအာ

Most Read

Most Recent