လာလီဂါ နှင့် ဂျာမန်ဖလား ပွဲကြိုသုံးသပ်ချက်

လာလီဂါ နှင့် ဂျာမန်ဖလား ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 3 December 2025

ဘီလ်ဘာအို - ရီးယဲလ်မက်ဒရစ် (ဒီဇင်ဘာ ၃ ရက် ည ၁၂း၃၀ နာရီ)

ဒီပွဲက လာလီဂါပွဲစဉ်(၁၉)ကို ကြိုကစားတာဖြစ်ပြီး အဝေးကွင်းမှာ ရုန်းကန်နေရတဲ့ ရီးယဲလ်အသင်းအတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲလို့ ဆိုရမှာပါ။ ရီးယဲလ်အသင်းက ဘာနေဗျူးကွင်းကို ခဏအနားပေးထားရတာကြောင့် အဝေးကွင်းပွဲတွေချည်း တောက်လျှောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ပြိုင်ပွဲစုံ(၅)ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဘီလ်ဘာအိုက အိမ်ကွင်းမှာ ရလဒ်တွေကောင်းလာတဲ့အသင်းပါ။ ဘာစီလိုနာနဲ့ အမှတ်မပြတ်ဖို့ ရီးယဲလ်အသင်း အားထည့်ကစားမှာ သေချာပေမဲ့ နိုင်ပွဲရဖို့ ခက်ခဲဦးမှာပါ။

အူန်ယွန်းဘာလင် - ဘိုင်ယန်မြူးနစ် (ဒီဇင်ဘာ ၄ ရက် နံနက် ၂း၁၅ နာရီ)

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ပြီး ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက်သွားခဲ့ရပေမဲ့ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ဆက်ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်ကို နိုင်ပွဲတွေ ရပ်တန့်စေခဲ့တဲ့ ပြိုင်ဘက်က အူန်ယွန်းဘာလင်ဖြစ်နေပါတယ်။ ဒါကြောင့် ဂရုစိုက်ကစားမယ့် ဘိုင်ယန်မြူးနစ်အသင်း အနိုင်သေချာပါတယ်။

အခြားပွဲများ

ဘိုဟုမ် - စတုဂတ်*

*ဖရိုင်းဘတ် - ဒမ်းစတက်ဒ်

*ဟမ်းဘတ် - ဟော့စတိုင်းကီးလ်

 

Most Read

Most Recent