ပရီးမီးယားလိဂ်ပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက်
Photo: Arsenal
Photo: Arsenal
Published 3 December 2025

အာဆင်နယ် - ဘရန့်ဖို့ဒ် (ဒီဇင်ဘာ ၄ ရက် နံနက် ၂းဝ၀ နာရီ)

အာဆင်နယ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ တစ်ယောက်လျော့ ချယ်လ်ဆီးကို အနိုင်မရခဲ့တာကြောင့် အပြစ်တင်ချင်စရာဖြစ်ခဲ့ပေမဲ့ ဒီရာသီပရီးမီးယားလိဂ်ရဲ့ အတည်ငြိမ်ဆုံးအသင်း ဖြစ်နေဆဲ ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ အဝေးကွင်းမှာ အမှတ်လျော့မှုတွေ ရှိနေပေမဲ့ အိမ်ကွင်းမှာတော့ ပြိုင်ပွဲစုံ(၇)ပွဲဆက် အနိုင်ရခဲ့သလို၊ ပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့ပွဲ (၆)ပွဲရှိခဲ့တာလည်း တွေ့ရပါတယ်။ ဘရန့်ဖို့ဒ်ကလည်း အဝေးကွင်းဆို အားနည်းတတ်တာကြောင့် အာဆင်နယ်အသင်း ဒဏ်ရာပြဿနာတွေရှိနေပေမယ့်လည်း အမှတ်ပြည့်ယူနိုင်ပါလိမ့်မယ်။

လိဒ်စ် - ချယ်လ်ဆီး (ဒီဇင်ဘာ ၄ ရက် နံနက် ၂း၄၅ နာရီ)

ချယ်လ်ဆီးက ရလဒ်ကောင်းတွေနဲ့အတူ ချန်ပီယံပြေးလမ်းပေါ် ပြန်ရောက်လာပါတယ်။ နောက်ဆုံး(၇)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်တာကလည်း အားရစရာကောင်းပါတယ်။ လိဒ်စ်က (၄)ပွဲဆက် ရှုံးနိမ့်ထားတဲ့အသင်းဖြစ်ပြီး လိဂ်ချန်ပီယံရှစ်ကို ပြန်ဆင်းဖို့ ခြေလှမ်းပြင်နေတဲ့အသင်းပါ။ လိဒ်စ်ကွင်းမှာ ချယ်လ်ဆီး ရုန်းကန်ရတတ်တဲ့ အစဉ်အလာရှိပေမဲ့ ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်း နိုင်ပွဲနဲ့ မလွဲနိုင်ပါဘူး။

လီဗာပူးလ် - ဆန်းဒါးလန်း (ဒီဇင်ဘာ ၄ ရက် နံနက် ၂း၄၅ နာရီ)

လတ်တလောအနေအထားမှာ ဆန်းဒါးလန်းက လီဗာပူးလ်ရဲ့အထက်မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ချယ်လ်ဆီးကို အနိုင်ယူ၊ အာဆင်နယ်ကို သရေကစားခဲ့တာလည်း သိပ်မကြာသေးပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲမှာ လီဗာပူးလ် နိုင်ပွဲပြန်ရခဲ့ပေမဲ့ ဖိအားတွေကြား ရုန်းကန်နေရတဲ့ အခြေအနေမျိုးဖြစ်နေတာကြောင့် ယုံစားဖို့တော့ ခက်နေပါသေးတယ်။ လီဗာပူးလ်အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

အခြားပွဲများ

ဘရိုက်တန် - အက်စတွန်ဗီလာ*

ဘန်လေ - ခရစ္စတယ်ပဲလေ့စ်*

*ဝုလ်ဗ် - နော်တင်ဟမ်ဖောရက်စ်

 

Most Read

Most Recent