ရန်ကုန်တက္ကသိုလ်နှင့် Belarusian State University of Informatics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှု Letter of Agreement (LoA) ကို လက်မှတ်ရေးထိုးကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University (BSU)၊ Bela-rusian State University of Infor-matics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံတက္ကသိုလ်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ Bela-rusian State University (BSU) မှ ပါမောက္ခချုပ် Andrei Karol ၊ Belarusian State University of Informatics and Radioelectro-nics (BSUIR) မှ ပါမောက္ခချုပ် Vadim Bogush တို့နှင့်အတူ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ကြကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ကြိုဆိုမိတ်ဆက်စကားပြောကြားပြီး BSU ပါမောက္ခချုပ် Prof. Andrei Karol ၊ BSUIR ပါမောက္ခချုပ် Vadim Bogush၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်တင့်တို့က မိတ်ဆက်စကားများပြောကြားကာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ တာဝန်ရှိသူများက တက္ကသိုလ်များနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ်နှင့် Belarusian State University of Informatics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု Letter of Agreement (LoA) ကို လက်မှတ်ရေးထိုးကြကြောင်း၊ ထို့နောက် နှစ်နိုင်ငံတက္ကသိုလ်များအချင်းချင်း အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။















