အိုလံပီယာကော့စ်က ဂရိဆယ်ကျော်သက် မူဇာကီတစ်ကို ပရီးမီးယားလိဂ်(၃)သင်း အပြိုင်လိုက်နေ

အိုလံပီယာကော့စ်က ဂရိဆယ်ကျော်သက် မူဇာကီတစ်ကို ပရီးမီးယားလိဂ်(၃)သင်း အပြိုင်လိုက်နေ
Photo: X
Photo: X
Published 17 November 2025

ပရီးမီးယားလိဂ်ကလပ်အသင်း(၃)သင်းဖြစ်တဲ့ အာဆင်နယ်၊ မန်ယူနဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ အိုလံပီယာကော့စ်အသင်းက ဂရိလက်ရွေးစင် ဆယ်ကျော်သက်ကွင်းလယ်ကစားသမား မူဇာကီတစ်ကို အပြိုင်လိုက်နေကြကြောင်း သိရပါတယ်။

လာမယ့် ဒီဇင်ဘာမှာ အသက်(၁၉)နှစ်ပြည့်မယ့် မူဇာကီတစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အိုလံပီယာကော့စ်အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့သလို၊ ၂၀၂၄ ခုနှစ်မှာ ဂရိလက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့်ရခဲ့သူပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ ဂရိစူပါလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး စီးရီးအေထိပ်သီး နာပိုလီကလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။

ခရိုအေးရှားဂန္ထဝင် မိုဒရစ်နဲ့ နှိုင်းယှဉ်ခံရတဲ့ မူဇာကီတစ်ဟာ ၂၀၂၅ ခုနှစ် Golden Boy ဆုအတွက် ပရိသတ်တွေရဲ့ အွန်လိုင်းကပေးတဲ့ ဆန္ဒမဲအများဆုံးရရှိခဲ့တဲ့ ကစားသမားဖြစ်ကြောင်းလည်း သိရပါတယ်။

မူဇာကီတစ်ကို အိုလံပီယာကော့စ်အသင်းက ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Most Read

Most Recent