■ နှစ်(၇၀) ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့

■ နှစ်(၇၀) ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့
Published 7 November 2025

နှစ်(၇၀) ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားပထမပိုင်းအဖြစ် ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့ နံနက် (၆) နာရီခွဲအချိန်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခးမ်အနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ ကရင့်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ နှင့် စစ်ဒေသမှုများ၊ KNU/KNLA (PC) မှ ဒုဥက္ကဌ ဒေါက်တာနော်ကပေါ်ထူး နှင့် အဖွဲ့ဝင်များ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ဒုစစ်ဦးစီးချုပ် စောရွှေဝ ဦးဆောင်သောအဖွဲ့ဝင်များအပြင်၊ ကရင်အမျိုးသားအစည်းအရံဒး (KNU) ဒူးပလာယာခရိုင် ဥက္ကဌဟောင်း ပဒိုစောရွှေမောင်း လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ဒုတိယပိုင်းအဖြစ် ဘားအံမြို့ အမှတ် (၄) ရပ်ကွက်ရှိ သီရိကွင်း ၌ ပြုလုပ်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနျင့် ပြခန်းများဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

နှစ် (၇၀) ပြည့် ကရင်ပြည်နယ်အနေ့အထိမ်းအမှတ် ပွဲတော်အား ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက်နေ့မှစတင်ကာ ကျင်းပပြုလုပ်လျှက်ရှိကြောင်း နှင့် နိုဝင်ဘာလ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကာလအတွင်း ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ရိုးရာလှေလှော်ပြိုင်ပွများနှင့် နဂါးလှေလှော်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျှက်ရှိသည့်အပြင်၊ ဈေးရောင်းပွဲတော်များ၊ ဒေသအစားအစာနှင့် မုန့်ဈေးရောင်းပွဲ၊ သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲများ၊ ဌာနဆိုင်ရာများ၏ ပြန်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။

■ ဘိုဘိုမြင့်

■ Photo Credit – Saw Chaint Phaung

Most Read

Most Recent