ရီးယဲလ်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို့ ကလပ်အသင်းများစွာ စိတ်ဝင်စားနေ

ရီးယဲလ်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို့ ကလပ်အသင်းများစွာ စိတ်ဝင်စားနေ
Photo: X
Photo: X
Published 17 October 2025

ရီးယဲလ်အသင်းက ဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို့ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အန်းဒရစ်(၁၉ နှစ်)ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် တစ်ပွဲမှ ကစားရခြင်းမရှိသေးတာကြောင့် လာမယ့်ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းဟာ အန်းဒရစ်ကို ၂၀၂၄ နွေရာသီမှာ ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ နေရာပေးအသုံးပြုခဲ့ပေမဲ့ နည်းပြသစ် အလွန်ဆိုလက်ထက်မှာတော့ အန်းဒရစ်အနေနဲ့ အရန်ခုံသာ ထိုင်နေခဲ့ရတာပါ။

ဒါကြောင့် ရီးယဲလ်အသင်းက ဇန်နဝါရီစျေးကွက်မှာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပြီး သင့်လျော်တဲ့အသင်းဆီ အငှားချဖွယ်ရှိကြောင်းလည်း သိရပါတယ်။

အန်းဒရစ်ကတော့ ရီးယဲလ်အသင်းမှာပဲ နေရာလုတိုက်ပွဲ ဆင်နွှဲသွားဖို့ ဆန္ဒရှိနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Most Read

Most Recent