ပစ်ဖို့ဒ်ကို အဲဗာတန်အသင်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

ပစ်ဖို့ဒ်ကို အဲဗာတန်အသင်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို
Photo: Everton
Photo: Everton
Published 17 October 2025

အဲဗာတန်အသင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ပစ်ဖို့ဒ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

အဲဗာတန်အသင်းဟာ ပစ်ဖို့ဒ်ကို ၂၀၁၇ နွေရာသီမှာ ဆန်းဒါးလန်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၈)နှစ်တာကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၃၂၆)ပွဲ ကစားပေးထားပါတယ်။

ပစ်ဖို့ဒ်(၃၁ နှစ်)ကို ခေါ်ယူလိုတဲ့ ထိပ်သီးအသင်းများစွာ ရှိနေသလို၊ အသင်းအတွက်လည်း အကောင်းဆုံးလက်စွမ်းပြနေတာကြောင့် အဲဗာတန်အသင်းက နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

''သက်တမ်းတိုးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော် လပေါ်ရောက်သလို ခံစားရပြီး အသင်းရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကို ပုံဖော်နိုင်ဖို့ အခွင့်အရေးပေးအပ်ခံရခြင်းလို့ ထင်မိပါတယ်။ ကျွန်တော်တို့မိသားစုအတွက် ထူးခြားတဲ့ အခါသမယပါပဲ'' လို့ ပစ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပစ်ဖို့ဒ်က အဲဗာတန်အသင်းရဲ့ မှောင်မိုက်တဲ့နေ့ရက်တွေ နောက်မှာ ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်းနဲ့ ပိုင်ရှင်သစ်တွေက အသင်းကို ဥရောပမှာ ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်အောင် တည်ဆောက်ပေးနိုင်မယ်လို့ ထင်မြင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent