■ ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်မှ အာဆီယံနိုင်ငံများရှိ ထူးချွန်ဆရာများကို ဆုချီးမြှင့်သည် Princess Maha Chakri Award 2025 ဆုကို မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုမှ ဆရာမတစ်ဦးရရှိ

■ ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်မှ အာဆီယံနိုင်ငံများရှိ ထူးချွန်ဆရာများကို ဆုချီးမြှင့်သည် Princess Maha Chakri Award 2025 ဆုကို မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုမှ ဆရာမတစ်ဦးရရှိ
Published 29 September 2025

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်မှ အာဆီယံနိုင်ငံများရှိ ထူးချွန်ဆရာများကို  ဆုချီးမြှင့်သည်  Princess Maha Chakri Award 2025 ဆုကို မင်္ဂလာဒုံမြို့နယ်ယာမြို့နယ်မှ အထက်တန်းကျောင်းတစ်ခုမှ အထက်တန်းပြဆရာမ ဒေါ်မော်မော်ကရရှိခဲ့သည်။

၂၀၂၅ ခုနှစ်အတွက်ဆုရရှိခဲ့သည့် ဆရာမ၊ ယခင်နှစ်များက ဆုရရှိခဲ့သည် ဆရာ၊ ဆရာမများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Princess Maha Chakri Award(PMCA) Foundation ဖောင်ဒေးရှင်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွက် Princess Maha Chakri Award ကို မြန်မာနိုင်ငံတွင် မင်္ဂလာဒုံမြို့နယ်မှ  အ.ထ.က(၂) မင်္ဂလာဒုံအခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်မော်မော်ရရှိခဲ့ပြီး ၎င်းသည် အင်္ဂလိပ်စာဘာသာရပ်မှူး ဆရာမတစ်ဦးဖြစ်ကြောင်းသိရသည်။

ဆရာမဒေါ်အေးစုဝင်းက “ကျွန်မဒီဆုကို မမျှော်လင့်ထားပေမဲ့ အရမ်းဝမ်းသာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ပြင်ဆင်ခဲ့တဲ့ အချိန်တွေရှိတယ်ဆိုပေမဲ့ မမျှော်လင့်ခဲ့ဘူးပေါ့နော်။ အရမ်းဝမ်းသာပါတယ်။ PMCA ဖောင်ဒေးရှင်းရော မြန်မာနိုင်ငံ၊ပညာရေးဝန်ကြီးဌာန ဆရာကြီး၊ ဆရာမကြီးများရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ PMCA ကရတဲ့ ဆုကြေးက တစ်ဦးတစ်ယောက်ထဲကို ပေးတာမဟုတ်ပါဘူး။ ကျောင်းကွန်မြူနဒီတစ်ခုလုံး၊ ကလေးတွေရဲ့ သင်ကြားရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီဖို့အတွက်ပဲ သုံးမှာဖြစ်ပါတယ်” ဟုေ ပြာကြားခဲ့သည်။

အင်္ဂလိပ်စာဘာသာရပ်မှူး ဆရာမ ဒေါ်မော်မော်သည် အင်္ဂလိပ်စာသင်ကြားသည့် အတွေ့အကြုံ ၁၉ နှစ်ရှိပြီဖြစ်ပြီး ပုသိမ်ပညာရေးတက္ကသိုလ်မှ B.Ed  ဘွဲ့၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ M.Ed ဘွဲ့၊ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဒီပလိုမာတို့ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနှင့် တီမောနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူ တန်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံမှ ဆုရရှိ သည့် ဆရာများကို ထိုင်းနိုင်ငံ၌ အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်မည့် PMCA Forum တွင် ဆု ချီးမြှင့်မည်ဖြစ်ပြီး ဆုရရှိသူများကို Princess Maha Chakri ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ရွှေရင်ထိုးတစ်ခုနှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာတို့ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။

PMCA Foundation ကို ထိုင်းဘုရင့်သမီးတော် သီရိဒုံမင်းသမီး အသက် ၆၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စတင်တည်ထောင်ခြင်းဖြစ်ပြီး  နိုင်ငံတကာဖောင်းဒေးရှင်ဖြစ်ရန် ဆောင်ရွက်ခဲ့ကာ အာဆီယံ ၁၀ နိုင်ငံနှင့် တီမော်လက်တေးနိုင်ငံ စုစုပေါင်း ၁၁ နိုင်ငံမှ ဆရာများကို ၂၀၁၅ ခုနှစ်မှစ၍  ၂ တစ်ကြိမ် ဆုချီးမြှင်းခြင်းဖြစ်ကြောင်း  PMCA Foundation မှ သိရသည်။

Most Read

Most Recent