■ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို တစ်လ ကင်းလွတ်ခွင့်ပြု

■ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို တစ်လ ကင်းလွတ်ခွင့်ပြု
Published 6 May 2026

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို တစ်လ ကင်းလွတ်ခွင့်ပြုကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ဓာတ်အားထုတ်လုပ်မှုစရိတ်ကို သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ သဘာဝ ဓာတ်ငွေ့အသုံးပြုသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ လျော့ကျစေရေးနှင့် အများပြည်သူအနေဖြင့် ဓာတ်အားခ ဈေးနှုန်းသက်သာစေရေးတို့အတွက် ထိန်းညှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခ ဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent