Digital Education နှင့်ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ်ကို ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

Digital Education နှင့်ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ်ကို ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား
Published 22 April 2026

Digital Education နှင့်ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။

ဧပြီ ၂၁ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့်အတူ Naypyitaw State Academy အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပြီးဖြစ်သဖြင့် အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို လာရောက်လေ့လာခြင်းဖြစ်ပါကြောင်း၊ Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and Innovation (CRI) ကို စတင်ထူထောင်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ Naypyitaw State Academy တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားပြီးဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သော သုတေသနများ ထွက်ပေါ်လာစေရန် ရက် ၁၀၀ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး Digital Education နှင့် ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ AI tools များကို အသုံးပြု၍ Lecture များ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြစေလိုကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် LMS Platform ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်တန်းများပေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ Naypyitaw State Academy ကစတင်ကာ LMS Platform ကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Naypyitaw State Academy တွင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူရည်ချွန်စီမံကိန်း အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy တွင် Centre for Research and Innovation(CRI) တည်ထောင်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် စက်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Learning Management System(LMS) နှင့် ပတ်သက်၍ Naypyitaw State Academy တွင် Digital Education ၏ အခြေခံအဆောက်အအုံများဖြစ်သည့် Smart TV၊ Digital Learning Centre၊ LMS စနစ်နှင့် မြန်နှုန်းမြင့်အင်တာနက်လိုင်းများကို တပ်ဆင်ပေးထားပြီးဖြစ်သဖြင့် သင်ကြားရေး၊ သုတေသနနှင့် တီထွင်မှုလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့သည်။

Most Read

Most Recent