ကရင်ပြည်နယ်၊မြဝတီခရိုင်၊သက္ကတေ စံပြကျေးရွာ၊ ကရင်နယ်ခြားစောင့်တပ်(BGF/KNA) အမှတ်(၂) စစ်ဒေသ ဌာနချုပ် ခန်းမတွင် ကရင်လက်နက်ကိုင် သုံးဖွဲ့ဖြစ်သော ကရင်ပြည်နယ်၊နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA ( Pc) အဖွဲ့များမှ ထိပ်တန်းခေါင်းဆောင်များ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံညှိနိူင်းအစည်းအဝေးကို စက်တင်ဘာလ၂၈ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/KNA )၊ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် စောချစ်သူ၊ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း၊ အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်နှင့် တပ်ဗိုလ်တပ်မှူးများ တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊အမှတ်(၂) စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ယနေ့ ကျင်းပပြုလုပ် သော အစည်းအဝေးသည် ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းရေး နှင့် နယ်မြေအေးချမ်းသာယာရေးအတွက်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကေရစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် DKBA မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောစတီး၊ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင် နှင့် ငြိမ်းချမ်းရေးကောင်စီ(Pc) မှ ဒုဥက္ကဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် တပ်မှူးအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Photo: BGF















