ထားဝယ် (အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာနယ်စပ်သွားကားလမ်းပေါ်ရှိ ချောင်းကူး တံတားတစ်စင်းကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲထားသဖြင့် အသွားအလာပြတ်တောက်

ထားဝယ် (အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာနယ်စပ်သွားကားလမ်းပေါ်ရှိ ချောင်းကူး တံတားတစ်စင်းကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲထားသဖြင့် အသွားအလာပြတ်တောက်
Published 28 September 2025

ထားဝယ် (အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာနယ်စပ်သွားကားလမ်းပေါ်ရှိ ချောင်းကူး တံတားတစ်စင်းကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲထားသဖြင့် အသွားအလာပြတ်တောက်ခဲ့ကြောင်း  သိရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက် နံ နက် ၆ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေ သကြီး ထားဝယ်မြို့နယ် မေတ္တာမြို့အနီး ထား ဝယ် (အထူးစီးပွားရေးဇုန်)-မေတ္တာ-ထီးခီး အပြည်ပြည်ဆိုင်ရာနယ်စပ်သွားကားလမ်း မိုင်တိုင်အမှတ် ၄၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံ အကြားရှိ ခမောင်းသွယ်ချောင်းကူးတံတား ဒေသအခေါ် မေတ္တာတံတားအား PDF အဖွဲ့ က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် အလျား ၁၁၁ ဒသမ ၆၃ မီတာ၊ အကျယ် ၅ ဒသမ ၄၉ မီတာခန့်ရှိ ဘေလီတံတားအမျိုးအ စား ချောင်းကူးတံတား၏ စတုတ္ထမြောက်အ ခန်းခွင် ၁၇ မီတာအရှည်မှာ ကျိုးကျပျက်စီး သွားခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွား လာ၍ မရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်း စဉ်များအား အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent