ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒီရာသီရဲ့တတိယဝတ်စုံကို မန်ယူအသင်း ပထမဆုံးအကြိမ် ဝတ်ဆင်ကစားမယ်

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒီရာသီရဲ့တတိယဝတ်စုံကို မန်ယူအသင်း ပထမဆုံးအကြိမ် ဝတ်ဆင်ကစားမယ်
Photo: Man Utd
Photo: Man Utd
Published 24 September 2025

မန်ယူအသင်းဟာ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီရဲ့ တတိယဝတ်စုံကို ပထမဆုံးအကြိမ်အဖြစ် ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ ၂၀၂၅-၂၆ ရာသီမှာ အိမ်ကွင်းဝတ်စုံကို အနီရောင်၊ အဝေးကွင်းဝတ်စုံကို အဖြူရောင်၊ တတိယဝတ်စုံကို အနက်ရောင်အဖြစ် ထုတ်လုပ်ထားပါတယ်။

မန်ယူအသင်းအနေနဲ့ အဖြူရောင်အဝေးကွင်းဝတ်စုံကို ရာသီကြိုကာလမှာသာ ဝတ်ဆင်ခဲ့ပြီး ဒီရာသီ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲနဲ့ လိဂ်ဖလား(၁)ပွဲမှာ အနီရောင် အိမ်ကွင်းဝတ်စုံနဲ့သာ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းရဲ့ ဒီရာသီ တတိယဝတ်စုံဟာ ၁၉၉၃ ကနေ ၁၉၉၅ ခုနှစ်အတွင်း ဝတ်ဆင်ခဲ့တဲ့ အဝေးကွင်းဝတ်စုံကို ပြန်လည်ဆန်းသစ်ဖန်တီးထားတာဖြစ်ပြီး အဲဒီတုန်းက ၁၉၉၃-၉၄ ရာသီမှာ ပရီးမီးယားလိဂ်နဲ့ FA ဖလားနှစ်လုံး ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဘောင်းဘီနဲ့ ခြေအိတ်ကိုတော့ ပြိုင်ဘက်နဲ့ အရောင်ကွဲစေဖို့အတွက် အနက်ရောင်အစား အဝါရောင်ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ 

Most Read

Most Recent