အက်သလက်တီကိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဆာအူလ်ကို ထရက်ဇွန်စပေါ်အသင်း ခေါ်ယူမယ်

အက်သလက်တီကိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဆာအူလ်ကို ထရက်ဇွန်စပေါ်အသင်း ခေါ်ယူမယ်
Photo: X
Photo: X
Published 20 July 2025

တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူလ်ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီလို့ သိရပါတယ်။

အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၄၀၀)ကျော်ကစားပေးထားတဲ့ ဆာအူလ်ဟာ ချယ်လ်ဆီးအသင်းဆီ အငှားချခံခဲ့ရဖူးသလို၊ ပြီးခဲ့တဲ့ရာသီကလည်း ဆီဗီလာအသင်းမှာ အငှားကစားခဲ့ရပါတယ်။

ဆာအူလ်(၃၀ နှစ်)ဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ အက်သလက်တီကိုအသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထရက်ဇွန်စပေါ်အသင်းက ဆာအူလ်ကို အငှားနဲ့ခေါ်ယူဖို့ စတင်ဆွေးနွေးခဲ့ပေမဲ့ အက်သလက်တီကိုအသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့တာကြောင့် (၄)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ဆာအူလ်က လာမယ့်ရက်ပိုင်းအတွင်း တူရကီကို သွားရောက်ပြီး အပြောင်းအရွှေ့ကို အပြီးသတ်သွားမယ်လို့ သိရပါတယ်။

Most Read

Most Recent