ဘာစီလိုနာအသင်းဟာ မန်ယူအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုမရခင် ရီးယဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိန်ရွယ်ခဲ့တယ်လို့ သိရပါတယ်။
ရိုဒရီဂို(၂၄ နှစ်)ဟာ ရီးယဲလ်အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရရှိဖို့ မရေရာတော့တဲ့ အနေအထားဖြစ်လာတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူဖြစ်ပြီး အာဆင်နယ်အပါအဝင် ဥရောပထိပ်သီးအသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေတဲ့ ဘာစီလိုနာအသင်းကလည်း ရိုဒရီဂိုကို ချိန်ရွယ်လာခဲ့တာဖြစ်ပေမဲ့ ပြိုင်ဘက်ရီးယဲလ်အသင်းနဲ့ ကစားသမားအပြောင်းအရွှေ့မလုပ်ဆောင်တာ (၁၇)နှစ်ကြာမြင့်နေပြီ ဖြစ်တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ရိုဒရီဂိုကို လက်လျှော့လိုက်ပြီလို့ သိရပါတယ်။
ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်ကို မန်ယူမှာ ရရှိနေတဲ့ လစာနှုန်းထားအတိုင်း တစ်ပတ်ပေါင်(၃၂၅၀၀၀) ပေးချေသွားရမယ်လို့ သိရပါတယ်။
ရပ်ရှ်ဖို့ဒ်နဲ့ သဘောတူညီမှုမရခင် ရိုဒရီဂိုကို ဘာစီလိုနာအသင်း ချိန်ရွယ်ခဲ့
Most Read
Most Recent
15 hours ago















