ဂျူဗင်တပ်စ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက် မန်ယူအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းကို ပေးချေဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက ဆန်ချို(၂၅ နှစ်)ကို တစ်နှစ်လစာ ပေါင်(၅)သန်းနှုန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တာကြောင့် မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ပဲ လိုတော့တာပါ။
ဂျူဗင်တပ်စ်အသင်းက အစောပိုင်းက ယူရို(၁၇)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မန်ယူအသင်း တောင်းဆိုတဲ့အတိုင်း ယူရို(၂၅)သန်း ပေးချေတော့မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
မန်ယူအသင်းရဲ့ အရောင်းစာရင်းတင်သွင်းခံထားရတဲ့ ဆန်ချိုက သူ့ရဲ့လစာကို တစ်ဝက်လောက် လျှော့ချပေးခဲ့တာကြောင့်လည်း ဂျူဗင်တပ်စ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ဆန်ချိုကို ၂၀၂၁ နွေရာသီိမှာ ဒေါ့မွန်အသင်းဆီကနေ ယူရို(၈၅)သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး အခုတော့ အရှုံးခံပြီး ရောင်းထုတ်ရတော့မှာပါ။
ဆန်ချိုအတွက် မန်ယူအသင်းတောင်းဆိုတဲ့ ယူရို(၂၅)သန်းကို ဂျူဗင်တပ်စ် ပေးချေမယ်
Most Read
Most Recent
15 hours ago















