ပဲခူးမြို့တွင် မိခင်ဖြစ်သူက လမ်းထိပ်တွင် ခြင်ဆေးခွေ သွားဝယ်ခိုင်းရာမှ ခုနစ်နှစ်အရွယ်ကလေးငယ် ဓာတ်လိုက်သေဆုံး

ပဲခူးမြို့တွင် မိခင်ဖြစ်သူက လမ်းထိပ်တွင် ခြင်ဆေးခွေ သွားဝယ်ခိုင်းရာမှ ခုနစ်နှစ်အရွယ်ကလေးငယ် ဓာတ်လိုက်သေဆုံး
Published 20 July 2025

ပဲခူးမြို့တွင် မိခင်ဖြစ်သူက လမ်းထိပ်တွင် ခြင်ဆေးခွေ သွားဝယ်ခိုင်းရာမှ ခုနစ်နှစ်အရွယ်ကလေးငယ် ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ပဲခူးမြို့ခံများထံမှ သိရသည်။

ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက် နယ်မြေ(၅) တွင် ဇူလိုင် ၁၈ ရက် ညနေပိုင်းက ခုနစ်နှစ်အရွယ် Grade -1 ကျောင်းသားတစ်ဦးအား မိခင်ဖြစ်သူက လမ်းထိပ်ရှိစျေးဆိုင်တွင် ခြင်ဆေးခွေသွားဝယ်ခိုင်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်မှာ ခြင်ဆေးခွေ သွားဝယ်ရာ လမ်းထိပ် ရေစက်ပတ်လမ်းအရောက်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့် လမ်းမီးတိုင်မှ သတ္တုလျှပ်စစ်ကြိုးအား ခလုတ်တိုက်မိကာ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူကလေးငယ်မှာ မောင်ကျော်ကျော်မျိုးဖြစ်ပြီးရွှေဘုန်းပွင့်ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent